အပိုင်း (၂၁) - ဖူဖုန်းကျန့်|ဖူဖုန္းက်န့္|

8K 1.5K 44
                                    

Unicode

ကျွင်းကျီမြို့မှာ အန်းမိသားစုပိုင် အဆောက်အဦ မရှိပါပေ။

အတိတ်တစ်ခါက အန်းချန်ဖူသည် သူ့ရဲ့ လုပ်ငန်းများကို ကျွင်းကျီမြို့၌ တိုးချဲ့ရန် တကယ့်ကို ဆန္ဒရှိနေခဲ့သည်။ သို့သော် သူက ငွေအမြောက်အမြား သုံး၍ လမ်း​ကြောင်းဖောက်သည့်အခါ၌ လွှမ်းမိုးနိုင်စွမ်းရှိသော အရာရှိမင်းတစ်ဦးက သူ့ကို ပြောခဲ့သည်မှာ ကျွင်းကျီမြို့က ခက်ခဲရှုပ်ထွေးပြီး အပြောင်းအလဲ မြန်တတ်ကြောင်း၊ ခဏမျှ သတိလက်လွတ် ဖြစ်သွားသည်နှင့် မွဲပြာကျသွားနိုင်ကြောင်း ဖြစ်ပေသည်။

အန်းမိသားစုမှာ အန်းယွမ်စီရင်စုတွင် မြေရှင်ကြီးပင် ဖြစ်သော်လည်း တာ့ယာတိုင်းပြည်တစ်ခုလုံးနှင့် ခြုံကြည့်လိုက်ပါမူ တတိယအဆင့် စီးပွားရေးလုပ်ငန်းရှင်များသာ ဖြစ်သည်။ ကျွင်းကျီမြို့မှ အရေးပါအရာရောက်သော လူများအတွက်တော့ သေးငယ်သည့် စီရင်စုလေးကို နင်းခြေပစ်ဖို့ရန်မှာ ပုရွက်ဆိတ်တစ်ကောင်ကို တက်နင်းလိုက်သကဲ့သို့ လွယ်ကူလေသည်။ ထိုကတည်းက အန်းချန်ဖူမှာ ဤအကြောင်းကို လုံးဝမှ မစဥ်းစားရဲတော့ပါပေ။ သူက အန်းယွမ်စီရင်စု၌သာနေပြီး မြေပိုင်ရှင် ဟူသောနာမည်ကိုသာ ယူထားလေသည်။

ဒီခရီးတွင် အန်းကျီယန်က အစေခံများအပါအဝင် လူ ၁၅ယောက်သာ ခေါ်လာခဲ့သည်။ ဤမျှများပြားသော သူများအတွက် တည်းခိုခန်းငှားရန် မဖြစ်နိုင်ပေ။ ကျွင်းကျီမြို့နှင့် အန်းယွမ်စီရင်စုကြားရှိ စျေးနှုန်းမှာ အလွန်ပင် ကွာခြားလှသည်။ တစ်လတာနေထိုင်ဖို့ရာအတွက်ပင် များပြားလှသည့် ငွေကြေးများ လိုအပ်ပေသည်။ အန်းမိသားစုတွင် ပိုက်ဆံရှိသည် ဆိုလျှင်တောင်မှ သူတို့မှာ ထိုကဲ့သို့ မဖြုန်းတီးလိုက်သင့်ပါပေ။

ကျွင်းကျီမြို့တွင် သူတို့မည်မျှကြာကြာ နေရမည်ကို မသိသည်မို့ အန်းကျီယန်က အိမ်တော်ဝန်း တစ်ခု ငှားရန် ဆုံးဖြတ်လိုက်သည်။ လူတစ်ချို့ကို ပိုက်ဆံနည်းနည်းပေးကာ ရှာခိုင်းလိုက်လေ၏။ နေထိုင်ဖို့နေရာမှာ ဇိမ်ခံပစ္စည်းများ မပါရှိသလို စည်ကားသိုက်မြိုက်သည့်နေရာ မဟုတ်သော်ငြား အခန်းအရေအတွက် အတော်လေးပါရှိလေပြီး လူအယောက်နှစ်ဆယ်မျှ ကောင်းမွန်စွာ နေထိုင်နိုင်ပေသည်။ သူက ထိုနေရာကို တစ်လသာ ငှားရမ်းလိုက်ပြီး ငွေတုံးတစ်ရာ ကျသင့်လေသည်။

The Big Landlord(MM Translation)Where stories live. Discover now