အပိုင်း (၂၉) - အစေခံတစ်ယောက်၏အရည်အချင်း|

8.1K 1.6K 82
                                    

Unicode

အန်းကျီယန် ဖူနန်းတော် သို့ ရောက်လာချိန်မှာတော့ အိမ်တော်ထိန်းကြီးလီက ထွက်လာပြီး သူ့အား အထဲသို့ ဝင်ရန် ဖိတ်ခေါ်လေ၏။

သူ့ကို မြင်လိုက်သည့်အခါ အိမ်တော်ထိန်းကြီးလီ၏ မျက်နှာတစ်ခုလုံးက ပြုံးလိုက်ခြင်းကြောင့် တွန့်ရှုံ့သွားလေသည်။

"အန်းသခင်လေး က ရောက်လာတာ စောသားပဲ။ ကျွန်တော်တို့ရဲ့ ဝမ်ရယ်က ခြံဝန်းထဲမှာ လေ့ကျင့်နေတုန်း ရှိပါသေးတယ်။ ခဏလောက်တော့ စောင့်ပေးရပါလိမ့်မယ်"

အန်းကျီယန် က သူ့ရဲ့မျက်နှာအမူအရာက လှောင်ပြောင်နေသည်ကို သတိထားမိပေသည်။ သူ့မျက်လုံးထဲတွင် လေးစားရို​သေသည့်ဟန် တစ်စက်မျှပင် ပါရှိမနေပေ။ သို့သော်ငြား သူက စိတ်မရှိပါပေ။ အစေခံ၏ စကားလုံးများကြောင့် သူက အံ့သြမသွားပါချေ။ သူက ဖိတ်စာကတ်ကို ရစဥ်ကတည်းက စိတ်ပိုင်းဆိုင်ရာကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။

...........

အန်းကျီယန်၏ ရောက်ရှိလာမှုက ဖူနန်းတော်အတွင်းတွင် လှုပ်ခတ်မှု အသေးစားလေးကို ဖြစ်စေသည်။

လွန်ခဲ့သည့် နှစ်ရက်က သူတို့ရောက်လာသည့် ရည်ရွယ်ချက် မှာ နန်းတော်တစ်ခုလုံး ပျံ့နှံ့နေခဲ့ပြီး ဖြစ်သည်။ ထို့အရင်က...ဖူနန်းတော်မှာ အန်းမိသားစု နှင့် လက်ထပ်ပွဲကတိတစ်ခုရှိကြောင်း သိသူ အလွန်ပင် ရှားပါးလှသည်။ ဖူလောင်ဝမ်ရယ်နှင့် ဖူဝူထျန်းတို့သာ ဒီအကြောင်းကို သိလေ၏။

သို့သော် ဖူလောင်ဝမ်ရယ် နေမကောင်းဖြစ်ပြီးကတည်းက...ဖူနန်းတော်တစ်ခုလုံးတွင် ဒီကိစ္စကို သိသည့် တစ်ဦးတည်းသောသူမှာ ဖူဝူထျန်း သာဖြစ်သည်။ သို့သော်လည်း သူက အချိန်တိုင်း နယ်စပ်ဒေသ၌သာ နေရကာ သူ့စိတ်ထဲတွင်လည်း လက်ထပ်ပွဲ အကြောင်းကို ထည့်မထားသည်မို့ သူ့လူများပင် ဒီကိစ္စကို မသိကြပေ။ ထို့ကြောင့် ဒီသတင်း ပျံ့နှံ့သွားချိန်၌ လူတိုင်းက တုန်လှုပ်သွားရခြင်း ဖြစ်သည်။

အန်းကျီယန် ရောက်မလာသေးခင်ကပင် တစ်ယောက်ယောက်က သတင်းစုံစမ်းပြီးပြီ ဖြစ်သည်။

The Big Landlord(MM Translation)Where stories live. Discover now