8.9K 1.7K 246
Unicode
သုံးရက်တာကာလမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကုန်ဆုံးသွားလေသည်။
မနက်ဖြန်သည်ကား လက်ထပ်ပွဲကြီး ကျင်းပမည့်နေ့ ဖြစ်သည်။ အန်းမိသားစုတစ်ခုလုံး ပျော်ရွှင်မှုတို့ ပြည့်နှက်နေသည်။ အိမ်တော်ထိန်းဆု သည်ပင်လျှင် စိုးရိမ်ပူပန်မှုများ ရှိမနေပါပေ။ အိုမင်းရင့်ရော်ကာ လေးနက်လှသည့် မျက်နှာထက်တွင် လန်းဆန်းသည့် ပန်းတစ်ပွင့်နှယ် အပြုံးတစ်ခုရှိနေလေသည်။
အန်းကျီယန် သည်သာ တစ်ခုခုမှားနေကြောင်း ခံစားနေရခြင်း ဖြစ်၏။ ထိုနေ့က ပြောခဲ့သော စကားများကို စဥ်းစားကြည့်မည်ဆိုလျှင် ဖူဝူထျန်း က ဖူနန်းတော်၏ ဂုဏ်သတင်းကို ထိန်းသိမ်းဖို့ရာအတွက် သတို့သမီး နေရာတွင် တစ်ယောက်ယောက်ကို အစားထိုးရန် တကယ်ကြီး သဘောတူလိုက်သည်။ အန်းချန်တိ၏ သမီးကို သတို့သမီး နေရာ အစားထိုးလိုက်ရန်ဟူသည့် အန်းကျီယန်၏ တင်ပြချက်မှာ ပယ်ချခံလိုက်ရသည်။ အကြောင်းမှာ ဖူဝူထျန်း က သူ့စိတ်ထဲ၌ တွေးပြီးသားသူရှိကြောင်း ပြော၍ ဖြစ်၏။ ပုံမှန်အရဆိုလျှင်တော့ အန်းကျီယန် စိတ်သက်သာရာ ရနေသင့်ပေသည်။ ယင်းမှာလည်း ကောချင်အန်း ရောက်လာပြီး မခေါ်သေးမီထိသာ ခံလေ၏။
ကောချင်အန်း မှာ မင်္ဂလာဝတ်စုံများနှင့် အခြားသေတ္တာကြီး နှစ်လုံးကိုပါ အမိန့်အရ လာပို့ခြင်းဖြစ်သည်။
သေတ္တာတစ်လုံးတွင် အဝတ်အစားများနှင့် ပြည့်နေလေပြီး ၊ လင်းလက်တောက်ပမှုတို့ဖြင့် အသွေးအမွေးစုံနေလေကာ ထို့အပြင် အားလုံးမှာ ယောကျ်ားဝတ်များပင် ဖြစ်သည်။နောက်ထပ်သေတ္တာမှာ အလွန်ပင် အိစက်ညက်ညောသော ပိုးထည်များဖြင့် ပြည့်နေပြီး၊ အထည်သားမှာလည်း ပိုးသားပမာ နူးညံ့ချောမွတ်ကာ အလွန်တရာ စျေးကြီးလှပေသည်။ ယင်းတို့မှာ ဧကရာဇ်ထံ လက်ဆောင်ပဏ္ဍာအဖြစ် ဆက်သရသော ပစ္စည်းမျိုးပင်ဖြစ်သည်။ သို့သော် အခုအခါမှာတော့ ဤနေရာ၌ ပေါ်လာလေ၏။
"ဒါက ဘာရည်ရွယ်ချက်နဲ့ ပါလဲ?"
အန်းကျီယန် က ကောချင်အန်း ကို ကြည့်လိုက်သည်။
The Big Landlord(MM Translation)Where stories live. Discover now