8.6K 1.6K 27
Unicode
"စိတ်ရှုပ်စရာပဲ!"
အန်းချန်တိက လက်ကို တစ်ချက် ဝှေ့ရမ်းလိုက်ပြီး စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို မြေပေါ်သို့ ကျကွဲသွားစေသည်။ သူက အလွန်တရာ ဒေါသထွက်နေတာကြောင့် အသက်ရှုသံပြင်းပြင်းနှင့် သူ့မျက်နှာက အနီရောင်တောက်နေပြီး ရင်အုပ်မှာ ပြင်းပြင်းထန်ထန် ဖောင်းတက်လာလေသည်။ အန်းကျီယန် ဒီအမှုကိစ္စကို မည်သို့ ဖြေရှင်းလိုက်ကြောင်း တွေးလိုက်မိရုံနှင့် သူက စားပွဲကို မချင့်မရဲဖြစ်စွာ ရိုက်ချလိုက်လေတော့၏။
ဘန်း ဘန်း!
ကျယ်လောင်သည့်အသံက ဇနီးသည်နှင့် ကိုယ်လုပ်တော်ကိုပါ ထိတ်လန့်သွားစေသည်။ သူတို့ဝင်လာချိန်တွင် ကြွေထည်အကွဲအစအနများနှင့် ပြန့်ကျဲနေသည့် လက်ဖက်ရည်များကို ကြမ်းပြင်ပေါ်၌ တွေ့လိုက်ရလေသည်။
ဝူကျီးမှာ ထို လက်ဖက်ရည်ခွက်ကို နှစ်သက်လှချေ၏။ ရုတ်ချည်းပင် သူမက အော်ငေါက်လေတော့သည်။
"အန်းချန်တိ...ရှင်တော့ သေချင်နေပြီ။ ရှင့်ဟာရှင် ဘယ်လောက်ဒေါသထွက်ထွက်...လက်ဖက်ရည်ခွက်အပေါ်တော့ ဒေါသပုံမချနဲ့လေ။ ဒီလက်ဖက်ရည်ခွက်က ဘယ်လောက်စျေးကြီးတယ်ဆိုတာ ရှင်သိရဲ့လား?"
အန်းချန်တိမှာ ချက်ချင်းဆိုသလိုပင် ငြိမ်ကျသွားရ၏။ သူက ကို့ရို့ကားရား ခံစားလိုက်ရသည်။ ဒေါသထွက်နေစဥ်အချိန်က ဒီလက်ဖက်ရည်ခွက်မှာ သူ့ဇနီး အနှစ်သက်ဆုံးအရာ ဖြစ်ကြောင်း မေ့လျော့နေခဲ့သည်။ သာမန်အားဖြင့် ဆိုလျှင် သူတို့မှာ ဒီလက်ဖက်ရည်ခွက်ကို ထုတ်သုံးဖို့ပင် ဆန္ဒမရှိပေ။ ဧည့်သည်များ အလည်လာသည့်အခါ(စျေးချိုသည့်ခွက်မျိုး ဖြစ်​နေလျှင်)သူတို့အထင်မသေးဖို့ရာ အတွက် ဤခွက်ကို အလှပြထားဖို့သာ မလိုအပ်ပါက သူမအနေဖြင့် ဒီလက်ဖက်ရည်ခွက်ကို ထုတ်ယူလာဖို့ပင် ဆန္ဒမရှိလှပါ။
ဝူကျီးက သူနောင်တရနေသည်ကို မြင်လိုက်သည်မို့ သက်ပြင်းတစ်ချက်သာ ချလိုက်ပြီး ထိုင်ခုံ၌ ဝင်ထိုင်ကာ ပြောလိုက်သည်။
" ပြောပါဦး...ဘာကများ ရှင့်ကို ဒီလောက်ထိ ဒေါသထွက်အောင် လုပ်လိုက်တာလဲ?"
The Big Landlord(MM Translation)Where stories live. Discover now