9K 1.6K 7
Unicode
သုံးရကျအကွာ၌...။
အန်းကျီယန် အတွက်အချက်စာအုပ်များကို လေ့လာပြီးသွားချိန် ဆုကျီက စာကြည့်ခန်းထဲသို့ အလျင်စလို ဝင်လာသည်။
ဆုကျီက အိမ်တော်ထိန်းဆု၏သားဖြစ်သည်။ အသက် ၂၂နှစ်ရှိပြီဖြစ်ကာ အန်းကျီယန်ထက် ခြောက်နှစ်ကြီးပေသည်။ ထိုအသက်အရွယ်ယောကျ်ားလေးအများစုမှာ လက်ထပ်ပြီးကြပြီ ဖြစ်ပြီး ဆုကျီကတော့ လူပျိုလူလွတ်သာ ဖြစ်နေသေးသည်။
သူလူလွတ်ဖြစ်နေရခြင်းမှာ အကြောင်းတစ်ခုခုရှိသောကြောင့် ဖြစ်နိုင်ပြီး အန်းကျီယန်နှင့်လည်း မသက်ဆိုင်သည်မို့ မမေးမိပေ။ ဒါ့အပြင် သူကိုယ်တိုင်လည်း စိတ်မဝင်စားပါ။
"ဘာဖြစ်လို့လဲ? ဘာဖြစ်လို့ အဲ့လောက် ထိတ်လန့်နေရတာလဲ?"
ကျီယန်က မေးလိုက်သည်။
ဆုကျီက အန်းကျီယန်ကို မျက်နှာချင်းဆိုင်ပြီး ကြည့်လိုက်မိ၏။ ရက်တွေအများကြီးကြာသွားတာတောင်မှ ဆုကျီမှာ အန်းကျီယန်၏ မရင့်ကျက်သည့်ပုံစံမှ ရင့်ကျက်တည်ကြည်သည့်လူကြီးတစ်ယောက်နှယ် ပြောင်းလဲသွားခြင်းကို ကျင့်သားမရသေးပေ။
စုကျီ အတွေးများကို မောင်းထုတ်လိုက်ကာ ပြောလိုက်လေ၏။
"ဆိုင်တာဝန်ခံလေးယောက် ရောက်နေတယ်ခင်ဗျ။ သူတို့က လမ်းမှာ သခင်လေးကို စောင့်နေကြတယ်။ သူတို့ပြောတာကတော့ တစ်ခုခုဖြစ်နေပြီး အဲ့တာကလည်း သခင်လေးကိုယ်တိုင် ဆုံးဖြတ်ရမှာ တဲ့"
ဆိုင်တာဝန်ခံလေးယောက်မှာ အန်းမိသားစုပိုင် စျေးဆိုင်၏ တာဝန်ခံများ ဖြစ်သည်။ များသောအားဖြင့်...သူတို့က ခြောက်လတစ်ကြိမ် စာရင်းတင်ပြခြင်းမှ လွဲ၍ အန်းမိသားစုအိမ်တော်သို့ မလာကြပေ။ သို့သော် ဒီတစ်ခါမှာတော့ သူတို့လေးယောက်လုံး တစ်ပြိုင်တည်း ရောက်လာကြသည်။ ကြည့်ရသည်မှာ ပြဿနာကြီးကြီး သို့မဟုတ် ကိစ္စကြီးတစ်ခုဖြစ်ပေလိမ့်မည်။
"မြန်မြန်... သွားကြည့်ကြစို့"
ကျီယန်က ပြောကာ အခန်းအပြင်ဘက်သို့ အလျင်စလို ထွက်သွားလိုက်၏။
The Big Landlord(MM Translation)Where stories live. Discover now