အပိုင်း (၈) - စီးပွားရေးလုပ်ငန်းရှင်ရဲ့အဆင့်အတန်း|

9.1K 1.6K 10
                                    

Unicode

စာကြည့်ခန်းသို့ ပြန်ရောက်ပြီးနောက်တွင်တော့ အန်းကျီယန်က စုတ်တံကိုယူကာ စာလုံးရေးကျင့်နေသည်။ ဒီစာလုံးများက ရေးရန် ခက်ခဲကြောင်း အိမ်တော်ထိန်းဆုက သူ့ကို ပြောပြထားသည်။ အန်းကျီယန်သာ ၄င်းတို့ကို ကောင်းမွန်စွာ ရေးနိုင်လျှင် အခြားစကားလုံးများကို ရေးဖို့ရာအတွက် အခက်အခဲမရှိပေ။

အိမ်တော်ထိန်းဆု အထဲဝင်လာချိန်မှာတော့ အန်းကျီယန်က စာရေးခြင်းအပေါ်၌သာ အာရုံစိုက်နေကြောင်း မြင်လိုက်ရပေသည်။ သူ့မျက်နှာထက်တွင် ခက်ခဲခြင်း၊ ဝမ်းနည်းခြင်း အရိပ်အယောင်ဟူ၍ ဘာမှ မရှိပေ။ သူ့ဦးရီး၊ အဒေါ်တို့နှင့် ငြင်းခုံလာသည့်ပုံစံနှင့်ပင် မတူပါပေ။

ကျီယန်က မရင့်ကျက်သည့် လူငယ်လေးဘဝမှ ယခု တည်ငြိမ်သည့် လူကြီးကဲ့သို့ အရာအားလုံး ပြောင်းလဲသွားတာကြောင့် အိမ်တော်ထိန်းဆုမှာ ဖိအားလျော့သွားရသည်။

အမှန်အတိုင်း ပြောရလျှင် အိမ်တော်ထိန်းဆုအနေဖြင့် အန်းချန်ဖူ၏ သေဆုံးသွားမှုသည် ကျီယန့်ကို ထိုမျှအထိ ပြောင်းလဲသွားစေလိမ့်မည်ဟု ထင်မထားမိပေ။ ကြည့်ရသည်မှာ ဒါက သူတို့ပြောသလို တစ်ယောက် ထွက်သွားရင် တစ်ယောက်ကတော့ 'နိုးလာလိမ့်မည်' ဆိုသည်မျိုး ဖြစ်လိမ့်မည်။

[T/N - ငကန်းသေ ငစွေပေါ် ဆိုတဲ့ စကားပုံလိုမျိုးပဲ<3]

အိမ်တော်ထိန်းဆုမှာ တကယ့်ကို စိတ်သက်သာရာရသွားသည်။ သူက ကျီယန့်ကို နှစ်ပေါင်းများစွာ ဂရုစိုက်ပေးခဲ့သူဖြစ်တာကြောင့် ကျီယန့်ရဲ့ ပျင်းရိမှုနှင့် မရင့်ကျက်မှုများကို သိရှိပြီး ဖြစ်သည်။ အန်းမိသားစု၏ပိုင်ဆိုင်မှုများကို ကျီယန်သာ ရရှိပါက သေချာပေါက် ပျက်စီးယိုယွင်းသွားလိမ့်မည်။ ထို့ကြောင့် ဒီရက်တွေအတွင်း အန်းကျီယန်၏ ပြောင်းလဲလာမှုကို မြင်ရချိန်၌ အိမ်တော်ထိန်းဆု စိတ်သက်သာသွားခြင်း ဖြစ်ချေ၏။

သို့သော် သူက လမ်း၌ကြုံတွေ့ခဲ့ရသည့်ကိစ္စကြောင့် ချက်ချင်းပင် ထပ်မံ စိုးရိမ်ပူပန်သွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ မျက်မှောင်ကြုတ်လိုက်သည်မှာ သိပ်ကို သိသာထင်ရှားနေတာကြောင့် အန်းကျီယန်အနေဖြင့် သတိမထားမိရန် မဖြစ်နိုင်ပေ။

The Big Landlord(MM Translation)Where stories live. Discover now