အပိုင်း (၂) - စတုတ္ထမြောက်ဒေါ်လေး|စတုတၳေျမာက္ေဒၚေလး|

14.8K 2K 48
                                    

Unicode

နှစ်သစ်ကူးကာစ ပထမသုံးရက်၌ အိမ်တိုင်းလိုလိုသည် သူတို့၏ အိမ်နီးနားချင်းအိမ်များသို့ အိမ်ပေါက်စေ့ အလည်သွားတတ်ကြသည်။ သို့သော် အန်းမိသားစုမှာတော့ ဝမ်းနည်းပူဆွေးခြင်း အခမ်းအနားကိုသာ ပြင်ဆင်နေရ၏။

ဝမ်းနည်းပူဆွေးခြင်း အခမ်းအနားကို အန်းမိသားစု အိမ်တော်ရှိ ခန်းမငယ်ထဲတွင် ကျင်းပ၏။ ၄င်းကို သေးငယ်သည် ဟုဆိုသော်ငြား အမှန်တကယ်တော့ တကယ့်ကို ကျယ်ဝန်းကြီးမားပေသည်။ အလယ်တွင် ခေါင်းတလားနှစ်ခုကို ယှဥ်ထား၏။ ၄င်းနှစ်ခုမှာ အန်းကျီယန် ၏ မိဘများဖြစ်သော အန်းချန်ဖူ နှင့် လျိုမေးရှန့်တို့၏ ခေါင်းတလားများပင် ဖြစ်သည်။ ယင်းအခေါင်းတို့ကို ထိပ်တန်း ရွှေရောင် နေမင်းသစ်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်ကာ နှစ်ပေါင်းမြောက်မြားစွာ ကြာလျှင်ပင် ဆွေးမြေ့သွားမည်မဟုတ်ပေ။

အန်းကျီယန် အစေခံဆီက သိရသလောက် အန်းချန်ဖူ အသက်ရှင်စဥ်က ထိုခေါင်းတလားနှစ်ခုကို သူနှင့် သူ့ဇနီးအတွက် ကြိုဝယ်ထားခဲ့ခြင်း ဖြစ်သည်။ သူ အသက်ကြီးပြီး သေဆုံးသွားသည့်နောက် နောက်ဆုံးအနားယူအခါ မြှုပ်နှံဖို့ရာအတွက် ကြိုပြင်ခဲ့ခြင်းပင်။ အဆုံးတွင်တော့ စောစီးစွာ အသုံးပြုလိုက်ရပြီ ဖြစ်သည်။

ဒီလိုမျိုးဖြစ်လာပြီးနောက် အန်းကျီယန် ဘာကိုသွားပြီး အပြစ်ရှာရမည် မသိတော့ပေ။

ယခုပုံစံအတိုင်းဆိုပါက သူက သူ့ကိုယ်သူ စောစော သေပါစေလို့ ကျိန်ဆဲနေသလို ဖြစ်နေပြီး သူ့ဇနီးကိုပင် သေရွာသို့ အတူခေါ်သွားချင်နေဟန် ပေါက်သည်။

သို့သော်လည်း သူကြားလိုက်ရသည့် အကြောင်းပြချက်မှာ အန်းချန်ဖူ အခေါင်းကြိုပြင်ခြင်းသည် ရွှေရောင်နေမင်းသစ်သားက ရှားပါးကာ ရရှိဖို့အလွန်ခက်ခဲသောကြောင့် ဖြစ်သည် ဟူ၍ပင်။ ဆိုရလျှင် အထူးသဖြင့် တော်ဝင်အရာရှိများသည်သာ နေမင်းသစ်သားကို အသုံးပြုနိုင်ကြသည်။ နောက်ပိုင်းတွင် အန်းချန်ဖူက အခေါင်းနှစ်ခု တည်ဆောက်ဖို့ရာအတွက် လုံလောက်သော သစ်သားအနည်းငယ်အား အောင်အောင်မြင်မြင်နဲ့ ရရှိလာတော့သည်။ ဤခေါင်းတလားနှစ်ခု ပြီးစီးသွားသည်မှာ သိပ်မကြာသေးပါပဲ နှစ်ဝက်မျှသာ ရှိသေးပေ၏။

The Big Landlord(MM Translation)Where stories live. Discover now