အပိုင်း (၁၆) - စျေးလျှော့ပေးခြင်း|ဈေးလျှော့ပေးခြင်း|

8.1K 1.6K 83
                                    

Unicode

ထိုနေ့အပြီး၌ အရာအားလုံးမှာ အခြေကျသွားပြီး အန်းမိသားစုမှာ ပြန်လည်တည်ငြိမ်သွားလေသည်။

လမ်းများထက်သို့ လမ်းလျှောက်သွားပါလျှင် လူအများမှာ အန်းကျီယန်ကို တရားမျှတမှုနှင့် ကောင်းမွန်မှုတို့ကြောင့် ချီးမွမ်းနေသည်ကို ကြားရပေမည်။ လူများက သူ့ကို အသက်ရှိသည့် ဗုဒ္ဓ ဟုပင် ခေါ်နေကြသည်။

ဝူကျီးပြောသကဲ့သို့ပင် အန်းယွမ်ကျူရှိ လူအများ၏ ရိုးရှင်းလှသည့် နှလုံးသားများမှာ အန်းချန်ဖူ အသက်ရှိစဥ်က သူတို့ကို ဒုက္ခများစွာ ပေးခဲ့ပုံ၊ အစားအသောက်လုံလောက်စွာ မရရှိခဲ့ပုံနှင့် သူတို့၏မိသားစုများ အစာငတ်ခဲ့ရပုံတို့ကို လုံးလုံးလျားလျား မေ့လျော့သွားကြပြီ ဖြစ်သည်။ ပြောရမည်ဆိုလျှင် သူတို့သာ အစားအစာများကို အလွယ်တကူရနေနိုင်သရွေ့ အတိတ်ကို အတိတ်မှာသာ ထားခဲ့ကြလိမ့်မည်။ သူတို့သည် ရှုပ်ထွေးပွေလီသည့်လူများမဟုတ်ဘဲ တဖြောင့်တည်းသာ တွေးတတ်ကြသည်မို့ အန်းချန်တိပင် သူတို့ကို အလွယ်တကူ အရူးလုပ်ခဲ့နိုင်ခဲ့သည်ပဲ။

အန်းမိသားစု၏ ဂုဏ်သတင်းမှာ ပိုမိုကောင်းမွန်လှသည်နှင့်အမျှ အန်းကျီယန် က ဆန်စျေးနှုန်းများကို လျှော့ချပေးလိုက်သည်။

မူလအတိုင်း ဆိုရလျှင် အန်းမိသားစုရှိ ဆန်စျေးနှုန်းမှာ တခြားဆိုင်များထက် ပိုမိုမြင့်မားပေသည်။ သူ့ရဲ့ ကလောင်ကို ဝင့်လိုက်ပြီး စျေးနှုန်းကို တစ်ဝက်တိတိဖြတ်ချလိုက်သည်မို့ အခုဆိုလျှင် အခြားနေရာများထက် စျေးသက်သက်သာသာ ဖြစ်သွားလေပြီ။

သို့သော် ထိုစျေးနှုန်းမှာ အတိအကျတော့ မဟုတ်ပါချေ။ အန်းမိသားစုမှ ဝယ်သောအခါတွင် ဆန်စျေးနှုန်းမှာ ငါးရက်သာ စျေးလျှော့ပေးမည် ဖြစ်သည်။ ငါးရက်ကြာပြီးလျှင်တော့ စျေးနှုန်းက ပြန်မြင့်တက်သွားမည်ဖြစ်ကာ မူလစျေးနှုန်းတော့ မဟုတ်ပေ။ အခြားဆန်ဆိုင်များ၏ စျေးနှုန်းနှင့်အတူတူ ဖြစ်သွားချေမည်။

ထိုသတင်းက ပျံ့နှံ့သွားသည်နှင့် အန်းယွမ်စီရင်စုရှိ လူတိုင်းမှာ ဆန်ဆိုင်များဆီသို့ အရူးအမူး ပြေးလာကြသည်။

The Big Landlord(MM Translation)Where stories live. Discover now