အပိုင်း (၃၉.၁) မင်္ဂလာခန်းဆောင်ကို နှောင့်ယှက်ချင်တာလား?|

8.8K 1.6K 71
                                    

Unicode

ဖူဝူထျန်း၏ ကြီးကျယ်ခမ်းနားလှသော လက်ထပ်ပွဲမှာ နှစ်တစ်နှစ်တာလုံးတွင် အခမ်းနားဆုံး ပွဲတော်ကြီးဟုပင် ခေါ်ဆိုနိုင်ပေသည်။

မင်္ဂလာနာရီက ရောက်ရှိနေပြီ ဖြစ်သော်ငြား ဖူနန်းတော်ထဲတွင် ဧည့်သည်များဖြင့် ပြည့်နှက်နေလေသည်။ တစ်ချက်ကြည့်ရုံနှင့် အများစုမှာ ကျွင်းကျီမြို့၌ လွှမ်းမိုးနိုင်စွမ်းရှိသော ပုံရိပ်ရှိသူများဆိုသည်ကို တွေ့နိုင်လိမ့်မည်။ အနည်းစုလေးမှာသာ ရာထူးနိမ့်သည့် အရာရှိငယ်များ ဖြစ်ချေ၏။ ဒီအချက်တစ်ခုတည်းနှင့်ပင် ဖူဝူထျန်း လက်ထပ်ပွဲ အပေါ် မည်သို့ သဘောထားသည်ကို တွေ့မြင်နိုင်ပေသည်။

သူသည်ကား တာ့ယာပြည်၏ သမိုင်းတွင် ယောကျ်ားတစ်ယောက်ကို ဝမ်ဖေးအဖြစ် လက်ထပ်ယူသည့် ပထမဆုံးသော ဝမ်ရယ်ပင် ဖြစ်သည်။ သူက ပြင်းထန်လှသည့် ပြစ်ဒဏ်နှင့် တားဆီးပိတ်ပင်မှုတို့ကို မခံရရုံသာမက ဧကရာဇ်ထံကပင် သဘောတူလက်ခံမှုနှင့် လက်ထပ်ပွဲကျင်းပရန် အဆုံးအဖြတ်တို့ကို သူက ရရှိခဲ့သေးသည်။ တစ်ချိန်တည်းတွင် ကျွင်းကျီမြို့ရှိ အရာရှိတိုင်းက သူ့ရဲ့ လက်ထပ်ပွဲသို့ အလွန်တရာကောင်းမွန်သည့် လက်ဖွဲ့ပစ္စည်းများပင် ပို့ဆောင်လာကြ၏။ ဖူဝူထျန်း၏ လွှမ်းမိုးနိုင်စွမ်းကို ကောင်းကောင်းကြီး မြင်ရပေမည်။ တာ့ယာပြည်၏ စစ်နတ်ဘုရားမှာ တကယ့်ကို သာမန်ထက် ကျော်လွန်နေချေ၏။

"အားလုံး ရောက်ရှိလာပါပြီ"

ရုတ်တရက် စူးရှရှ ဆူညံညံ အော်သံတစ်ခု ထွက်လာလေ၏။ ထိုကြေညာချက်ကို ကြားလိုက်ရသော ဧည့်သည်အပေါင်းမှာ သူတို့ကိုယ်သူတို့ ချုပ်တည်းမထားနိုင်တော့ဘဲ အပြင်သို့ ပြေးထွက်သွားကြသည်။ သူတို့အားလုံးမှာ အခမ်းအနားကို မျက်တောင်မခတ်စတမ်း ကြည့်နေကြလေ၏။

ဖူဝူထျန်း၏ သတို့သမီးကြိုဆိုရေးအဖွဲ့မှာ အထူးသဖြင့် ခမ်းနားကြီးကျယ်ကာ အလွန်အကျွံ သုံးဖြုန်းထားသည့်ပုံပင်။ ယောကျ်ားသား ရှစ်ယောက် ထမ်းသည့် ထမ်းစင်မှာ ဖွင့်ထားသည့်လမ်းမတစ်လျှောက် ဝင်ရောက်လို့လာလေပြီး လူထုကြီးက လမ်းရှင်းပေးနေကြသည်။ လမ်းများမှာ လူပေါင်းများစွာနှင့် ပြည့်လုနီးပါးဖြစ်နေပြီး ကြပ်ထုပ်စည်းထားသည့်နှယ် ပြည့်ညပ်သပ်နေချေသည်။ အချို့လူများကတော့ ဧကရာဇ်၏ လက်ထပ်ပွဲ မြင်ကွင်းနှင့်ပင် နှိုင်းယှဥ်နေကြလေ၏။

The Big Landlord(MM Translation)Where stories live. Discover now