အပိုင်း (၃၇) - လက်ထပ်ပွဲ (၁)|လက္ထပ္ပြဲ (၁)|

8.7K 1.6K 27
                                    

Unicode

ကျွင်းကျီမြို့၏ လေထုမှာ ဆူညံပွက်လောရိုက်နေလေပြီး ပုံမှန်ထက် စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။ ဆိုင်တန်းများ၏ အရှေ့မျက်နှာစာ၌ မီးပုံးနီနီများ ချိတ်ဆွဲထားသည်မှာ တက်ကြွဖွယ်ရာပင်။ လမ်းမထက်ရှိ လူအများ သွားလာနေမှုမှာလည်း ပုံမှန်ထက် အသက်ဝင်လှုပ်ရှားနေပေ၏။ အကြောင်းမှာ ဒီနေ့သည်ကား တာ့ယာပြည်ရှိ စစ်နတ်ဘုရား၏ လက်ထပ်ပွဲကြီး ကျင်းပမည့်နေ့ ဖြစ်သည့်မို့ပါပင်။ စစ်နတ်ဘုရားသည် မြို့တော်သို့ ပြန်ရောက်သည်မှာ နှစ်လထက် မပိုသေးသော်ငြား သတို့သမီး တစ်ယောက်ကိုတော့ လက်ထပ်ယူလိုက်ပြီ ဖြစ်သည်။ ယင်းမှာ ဧကရာဇ်၏ စစ်မှုထမ်းရန် အမိန့်စာလွှာထက်ပင် အာရုံစိုက်ခံရပေသည်။

သို့သော် စစ်နတ်ဘုရား၏ သတို့သမီး ဖြစ်လာမည့်သူမှာ မြေပိုင်ရှင်၏ သမီး ဖြစ်ကြောင်း တွေးလိုက်မိသည်နှင့် လူအများစုမှာ သက်ပြင်းသာ ချလိုက်နိုင်သည်။ ကျွင်းဝမ်က ရုပ်ရည်မချောမောနေလျှင်ပင် သွေးဆာရက်စက်သည့် အမူအကျင့် ရှိနေပြီး ဝမ်ရယ် ဟူသော ဘွဲ့နာမည်နှင့် စစ်သူကြီးချုပ် ဖြစ်သည့် ခွဲခြားသိမြင်နိုင်စွမ်းရှိသော လူတစ်ယောက် ဖြစ်ပေ၏။ အနာဂတ် တွင် သူက အိမ်ရှေ့စံမင်းသား၏ ညာလက်ရုံးဖြစ်လာမည်မှာ မလွဲဧကန်သာ ဖြစ်ချေ၏။ ဤကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိသော ပုံရိပ်ဖြင့် မြေပိုင်ရှင်၏ သမီးကို လက်ထပ်ယူသည်ဆိုသည်မှာကား....။

လူများစွာက ဝမ်းနည်းပူဆွေးကြသော်ငြား အချို့လူများကတော့ နှစ်ထောင်းအားရ ဖြစ်နေကြ၏။

"အဲ့ဒီ မိန်းမက ကျွင်းဝမ်ကို လက်ထပ်မယ်ဆိုတော့ သူ့အသက်ကတော့ ရှင်သန်ဖို့ခက်ခဲမှာပဲ"

လက်ဝတ်ရတနာ ရောင်းချရာ ဆိုင်တန်းတွင် ပန်းရောင်ဝတ်စုံနှင့် မိန်းကလေးက မတ်တပ်ရပ်နေသည်။ သူမက တစ်ခုချင်းစီကို ကောက်ယူကာ ရွေးချယ်နေလေ၏။ ဆိုင်တန်းရှိ ပစ္စည်းများ အားလုံးမှာ လှပလို့နေသည်။ ယင်းတို့မှာ ဇိမ်ခံပစ္စည်းများနှင့် တူညီလှသော်ငြား စျေးနှုန်းမှာတော့ မမြင့်မားလှပါပေ။ ယင်းတို့သည်ကား ပုံပန်းသဏ္ဍာန်အရ အလွန်ပင် ပြီးပြည့်စုံကြပေသည်။ သူမကလည်း မကြာခဏ လာရောက် ဝယ်ယူတတ်သူ ဖြစ်ချေ၏။

The Big Landlord(MM Translation)Where stories live. Discover now