အပိုင်း (၁၄) - ပြပွဲ ပြီးဆုံးပြီ|ျပပြဲ ၿပီးဆုံးၿပီ|

8.2K 1.7K 20
                                    

Unicode

လူတိုင်းက ဒီသုံးရက်တာကာလကို ရင်တထိတ်ထိတ်နှင့် ကြောက်လန့်နေကြရသည်။

အန်းကျီယန်က အမှန်အတိုင်း ပြောခြင်းဟုတ်၊ မဟုတ် ဆုံးဖြတ်ဖို့ရာအတွက် များပြားလှသည့် သီးစားလယ်သမားများနှင့် စပ်စုစိန်လူစုတစ်အုပ်က တာဝန်ခံဖုန့်၏ ဆိုင်ရှေ့သို့ အမြန်ရောက်လာကာ စောင့်ဆိုင်းနေကြသည်။ အချိန်မကျရောက်သေးတာတောင်မှ လမ်းမတစ်လျှောက် လူများဖြင့် ပြည့်နှက်နေသည်။

လမ်းမတစ်ခုလုံးတွင်လည်း တိုးတိုးတိတ်တိတ်အတင်းတုပ်နေသံများဖြင့် ဆူညံနေလေ၏။ အများစုမှာတော့ အန်းမိသားစုက သဘောထား ကြီးမြတ်လိမ့်မည်ဟု အယုံအကြည်မရှိပေ။

ဒီကိစ္စကြီးတစ်ခုလုံးကို အုံကြွလာအောင်လုပ်သည့် လူစုမှာလည်း ဆိုင်ရှေ့တွင် ရှိနေကြပြီ ဖြစ်သည်။

နေ့က စတင်ကုန်ဆုံးလာသော်ငြား ဆိုင်ထဲမှ ဘာလှုပ်ရှားမှုမှ ရှိမလာပေ။ နေက တဖြည်းဖြည်း မြင့်တက်လာသည်မို့ အန်းချန်တိ ခိုင်းစေထားသည့်လူများက ကောလာဟလများ ဖြန့်ကာ သူတို့အလုပ်ကို စကြတော့၏။

တောက်ပလွန်းသည့် နေရောင်ခြည် အောက်တွင်...လူအုပ်ကြီးမှာ မကျေမနပ်ဖြင့် ခြေထောက်ကို အညောင်းဆန့်ကြကာ အန်းကျီယန်က လိမ်ညာနေသည်ဟု သံသယရှိစပြုလာကြ၏။ သူတို့ထဲမှ အချို့ဆိုလျှင် ဆူပူအုံကြွဖို့ရန်ပင်ပြင်နေကြသည်။ အုံကြွသူလူစုက ဆိုင်ထဲသို့ ချိုးဖျက်ဝင်ကာ သူတို့ဆီမှ အစားအသောက်များ ထပ်လုရန်ပင် ပြင်နေကြလေပြီ။

ထိုအခိုက် တံခါးက လှစ်ဟ ပွင့်၍ လာတော့သည်။

လုယက်မှုပြီးသွားကတည်းက သုံးရက်လုံးလုံး တံခါးကို လုံးဝမှ မဖွင့်ဘဲ ထားထားသည်။ ပြောစရာမလိုပါပေ... မည်သည့်လုပ်ငန်းမှလုပ်၍ မရသောကြောင့် ဖြစ်သည်။ ထိုအရာက ကိစ္စတော့မရှိ...အန်းမိသားစု၏ ပိုင်ဆိုင်မှုက ဒီဆိုင်တစ်ခုတည်း မဟုတ်ပါချေ။

ဆိုင်ခန်းအတွင်း၌ ဘာမှ မရှိတော့ပါပေ။ ကျန်ရှိသောအရာမှာ သေသပ်သန့်ရှင်းသည့် ခုံအနည်းငယ်၊ စားပွဲအနည်းငယ် နှင့် ကြီးမားလှသည့် ကြမ်းပြင်ပေါ်ရှိ သေတ္တာကြီးသာ ရှိသည်။ အလယ်တွင် ရပ်နေသည်က ယခု မိသားစုခေါင်းဆောင် အန်းကျီယန် ဖြစ်သည်။ သူက အရင်သုံးရက်ကထက် ပိုပိန်သွားကာ သူ့ရဲ့ ပုံပန်းသဏ္ဍာန်က ပို၍ပင် ထင်ရှားလာပေသည်။သူ့ရဲ့ အပြာရောင်တောက်တောက်ဝတ်ရုံကြောင့် သူ့ကို ခန့်ညားချောမောသည့် မင်းသားတစ်ပါးနှင့်ပင် တူလာစေသည်။ ဟုတ်တာပေါ့... ဘယ်သူကမှ သူ့ကို လေးစားပြဖို့ရာ စိတ်အခြေအနေ ရှိမနေကြပါချေ။

The Big Landlord(MM Translation)Where stories live. Discover now