အပိုင်း (၁၀) - အဖြစ်အပျက်အစအဆုံး|အျဖစ္အပ်က္အစအဆုံး|

8.6K 1.6K 4
                                    

Unicode

အစပိုင်းတွင်တော့ အစားအသောက်သိုလှောင်ရုံရှေ့တွင် နှစ်ယောက်၊ သုံးယောက်မျှသာ ပြဿနာရှာရန် ရောက်လာကြသည်။ လူဦးရေ အနည်းငယ်မျှသာ ဖြစ်သည်မို့ ဆိုင်တာဝန်ခံဖုန့်က သူတို့ကို မောင်းထုတ်ပစ်လိုက်သည်။

ရက်နည်းနည်းလောက်ကြာတော့ မောင်းထုတ်ခံရသည့်လူအုပ်စုမှာ ပြန်ရောက်လာကြပြီး ပြဿနာရှာကြပြန်သည်။ သူတို့က အစားအသောက်သိုလှောင်ရုံကို ဖျက်ဆီးကာ အထဲမှ အစားအစာများကို ယူရန်ပင်ကြိုးစားခဲ့ကြသေးသည်။ ဒါပေါ့...သူတို့ အောင်မြင်မသွားပါချေ။

ဉာဏ်ပြေးသည့် ဆိုင်တာဝန်ခံဖုန့်က ကြိုတင်ခန့်မှန်းမိသည်မို့ သူက သန်မာသည့်လူမိုက်ငါးယောက်ကို အစောင့်အဖြစ် ငှားကာ ဆိုင်ကို စောင့်ခိုင်းထားသည်။ ထို့ကြောင့် ဆိုင်ထဲသို့ ဝင်ရောက်ရန် ကြိုးစားသည့် လူအချို့မှာ ဆိုးရွားစွာ အရိုက်ခံလိုက်ရ၏။

အရိုက်ခံရပြီးနောက်တွင်တော့ အစားအစားများကို ခိုးယူရန်ကြံနေသည့်သူတို့မှာ ဘာအခွင့်အရေးမှ မရကြဘဲ အိမ်သို့ စိတ်ပျက်ဒေါသထွက်စွာ ပြန်သွားကြရ၏။

ထိုအဖြစ်အပျက်က အစပျိုးခြင်းဟု မည်သူသိလိမ့်မည်နည်း။ နှစ်ရက်ကြာပြီးနောက် အဓိကရုဏ်းအဖြစ် ပေါက်ကွဲထွက်လာတော့သည်။ အစောင့်ငါးယောက်မှာ လူခုနှစ်ယောက်၊ ရှစ်ယောက်လောက်ကို ကောင်းကောင်း ကိုင်တွယ်နိုင်ပေသည်။ သို့သော် ယခုအခါတွင်မူ လူအယောက်နှစ်ဆယ်ကျော်တောင် တဲ့လား? ဒါက ထိန်းချုပ်နိုင်စွမ်းမှ ကျော်လွန်သွားလေပြီ။ လူအများက ဆိုင်ထဲသို့ ချိုးဖျက်ဝင်ရောက်ကာ အစားအစာများကို လုယူသည်။ သူတို့ ငတ်မွတ်နေသည်မှာ ရက်ပေါင်းများစွာ ကြာပြီမို့ စည်းကမ်းမဲ့ပြုမူကြကုန်၏။ အလွန်တရာ လျှင်မြန်လှစွာပင် ဆိုင်တာဝန်ခံဖုန့်၏ ဆိုင်မှာ မွှေနှောက်ရှာဖွေခံလိုက်ရပြီး ရှုပ်ပွကျန်နေခဲ့တော့သည်။

ဆိုင်တာဝန်ခံဖုန့်သိလိုက်သည်မှာ အခြားဆိုင်တာဝန်ခံသုံးယောက်သည်လည်း သူတို့၏ ဆိုင်များ၌ သူ့လိုပင် ကျူးကျော်ဝင်ရောက်၊ လုယူခံလိုက်ရကြောင်း ဖြစ်၏။ သူတို့မှာ အရာအားလုံးက သူတို့ ထိန်းချုပ်နိငြ်သည်ထက် ကျော်လွန်နေပြီမို့ ကျီယန်နှင့် တွေ့ဆုံဖို့ရာအတွက် ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

The Big Landlord(MM Translation)Where stories live. Discover now