အပိုင်း (၂၄) - ပထမဆုံးတွေ့ဆုံခြင်း|ပထမဆုံးတွေ့ဆုံခြင်း|

8.2K 1.7K 101
                                    

Unicode

ကျွင်းဝမ်က သူ့ရဲ့ စစ်တပ်ကို မြို့တော်ဆီသို့ ခေါ်ဆောင်လာကတည်းက ဖူနန်းတော်ဆောင်ရှိ လူတိုင်း ပျော်ရွှင်နေကြသည်။ တစ်လတာလုံးပင် ဖူနန်းတော်ဆောင်၏ လေထုမှာ တက်ကြွသည့် အငွေ့အသက်နှင့် ပြည့်နှက်နေသော်ငြား ယနေ့တွင်တော့ ထိုကဲ့သို့ မဟုတ်သည့် နေရာတစ်ခု ရှိနေလေသည်။

နန်းတော်၏ ဟောခန်းမထဲတွင် တည်ငြိမ်ကျဥ်းကျပ်စွာ တိတ်ဆိတ်နေပေသည်။ ကျာပွတ်ရိုက်သံများသည်သာ တစ်ကြိမ်ပြီး တစ်ကြိမ် ပေါ်ထွက်လာလေသည်။ 'pa pa' ဟု အသံထွက်နေသည့် အသားကို ထိခတ်သံက ကြားလိုက်သည့်လူတိုင်းကို ကြက်သီးမွှေးညင်း ထသွားစေနိုင်သည်။ မည်သည့် နန်းတော်အစေခံမှ အဓိကခန်းမနားသို့ မသွားရဲပါချေ။ သူတို့က ထိုနေရာကို ကွေ့ပတ် ရှောင်ရှား၍သာ သွားလေသည်။

ဟောခန်းမ၏ အလယ်တွင်....

ကြိုးတုပ်ခံထားရသည့်လူတစ်ယောက်မှာ အသားစများဖွာလန်ကြဲနေပြီး မတ်မတ်ရပ်ဖို့ရာ မစွမ်းနိုင်တော့လေဘဲ လဲကျနေလေ၏။ လတ်ဆတ်သည့်သွေးများကလည်း မြေပြင်ထက်သို့ ယိုစီးကျနေသည်။ ဆံပင်ဖရိုဖရဲနှင့် သွေးသံတရဲရဲ ဖြစ်နေသောလူမှာ အလွန်ပင် သနားစဖွယ်ကောင်းနေသော်ငြား ဘယ်သူကမှ သူ့ကို စာနာသနားစိတ် မရှိကြပေ။

ဟောခန်းမ၏ ပတ်ပတ်လည်တွင် ရပ်နေသောလူများမှာ ထိုမြင်ကွင်းကို ခံစားချက်မဲ့စွာ ကြည့်နေကြသည်။ သူတို့အားလုံးက မွန်းကြပ်​စေသည့် လေထုကို ထုတ်ဖော်ထားပေ၏။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူတို့အားလုံးမှာ သွေးအပြည့်နှင့်စစ်မြေပြင်ထက် တိုက်ပွဲဝင်ခဲ့ကြသော စစ်သားများ ဖြစ်ကြောင်း ထုတ်ဖော်ပြနေလေသည်။ စစ်မြေပြင်၌ မည်သို့သော သနားညှာတာမှုမျိုးကို သူတို့ မြင်တွေ့ရမည်တဲ့လဲ?ခြေလက်များ ဆုံးရှုံးသွားပြီး အူအသည်းများ ဖြတ်ထုတ်ခံရခြင်းများသည်သာ သူတို့ မြင်တွေ့ရလေ့ရှိသောအရာများ ဖြစ်သည်။

မြေပြင်၌ လဲနေသော သွေးအတိပြီးသောလူသည် အသက် မျော့မျော့သာ ကျန်နေလေ၏။ သူ့ရဲ့ မျက်လုံးများက သွေးများပေနေသည်မို့ မှုန်ဝါးဝါးသာ မြင်ရတော့သည်။ ကြာပွတ်ရာတစ်ချက်က သူ့ညာဘက်မျက်လုံးကို အရှည်လိုက် ဖြတ်ရိုက်သွားသည်။ မျက်လုံးပေါ်၌ အရာကျန်ခဲ့ကာ မျက်နှာကို တစ်ဝက်ထိမှန်သွား၏။ ရှည်မျောမျော ပုံရိပ်တစ်ခုက သူ့ဆီသို့ လျှောက်လာနေသည်ကို မပီမပြင် မြင်လိုက်ရသည်။ ဖိနှိပ်လိုသည့် အရှိန်အဝါက အားပြင်းလှလေ၏။

The Big Landlord(MM Translation)Where stories live. Discover now