အပိုင်း (၁၈) - ပေါက်စီလုံးလေး|ေပါက္စီလုံးေလး|

8.6K 1.7K 18
                                    

Unicode

အန်းကျီယန် က စကား ဆက်မပြောတော့ချေ။ နှစ်ရက်ပင် မကုန်သေးခင် သူက စတင် လှုပ်ရှားလိုက်လေပြီ။

သူက ဒီစီရင်စုရှိ ငွေစာရင်းများအားလုံးကို စစ်ဆေးကြည့်ပြီးပြီ ဖြစ်သည်။ အန်းချန်ဖူမသေဆုံးခင်က အကြိုက်ဆုံးအရာမှာ ငွေဖြူများနှင့် တောက်ပခြင်း* ပင် ဖြစ်သည်။ သူက အငှားလယ်သမားများကို မြင့်မားသည့် အတိုးနှုန်းဖြင့် ချေးပြီး နှစ်စဥ်နှစ်တိုင်း ငွေအမြောက်အမြား ရရှိခဲ့လေသည်။ ငွေကြေး၏ တစ်စိတ်တစ်ပိုင်းကို အကြီးအကဲများနှင့် ကြီးကြပ်သူများအတွက် လက်ဆောင်များဝယ်ရာတွင်သုံးပြီး ကျန်ရှိများကို မိသားစုအပိုင်ထဲသို့ သွတ်သွင်းထားလေသည်။ ဒီနှစ်ကာလများအတွင်း သူက အလွန်တရာ ချမ်းသာကြွယ်ဝနေပြီ ဖြစ်သည်။

(E T/N - ငွေဒဂ်ါးများကို ငွေကြေးအဖြစ်သုံးခြင်းကြောင့် ဖြစ်သည်)

အန်းချန်ဖူနှင့် သူ့ဇနီး သေဆုံးသွားချိန်၌ ဤအကြောင်းကိုသိသည့် တစ်ဦးတည်းသောသူမှာ အိမ်တော်ထိန်းဆု သာ ဖြစ်သည်။ အန်းချန်တိပင်လျှင် သူ့ညီငယ်၏ ဘဏ္ဍာတိုက်ကို သတိမထားမိတာတောင်မှ သူက သေချာပေါက် အန်းမိသားစုထဲရှိ တစ်စုံတစ်ယောက်ကို လာဘ်ထိုးကာ စုံစမ်းစစ်ဆေးရန် ကြိုးစားပေလိမ့်မည်။ ဘဏ္ဍာတိုက်ထဲရှိ ငွေကြေးများမှာ ပြည်သူများကို အနိုင်ကျင့်၍ ရရှိလာသည်ဖြစ်သော်ငြား ယခုအခါ အန်းမိသားစု၏ ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းပင် ဖြစ်သည်။ ငွေပေါ်လွယ်သည့် ဥစ္စာပစ္စည်းများမှာ လွှဲပြောင်းဖို့ရာ အဆင်ပြေပြီး ရည်ရွယ်ချက်ရှိရှိဖြင့် အပြင်ထုတ်ဖို့ မလိုအပ်ဘဲ ငွေကြေးအဖြစ် ပြောင်းလဲ၍ရသည်။

ဒါပေမဲ့ ပြဿနာက ငွေကြေးလွှဲပြောင်း၍ရနိုင်မည့် ကြားခံပင် ဖြစ်သည်။

ဘုရား မ၍သာပင်...။ အန်းချန်တိသာ ဒီအကြောင်းကို သိသွားလျှင် သူ့ရဲ့ အဓိကဇနီး ဝူကျီးလည်း သိသွားလိမ့်မည်၊ ထို့နောက် သူတို့က ယုံကျိုးရဲ့စီရင်စုအောက်တရားသူကြီး ကို ပြောလိုက်မည်ဖြစ်၏။ ထိုအခါတွင် အန်းကျီယန်အနေဖြင့် ဒီချမ်းသာကြွယ်ဝမှုကို ထိန်းသိမ်းနိုင်ဖို့ရာ ခက်ခဲသွားလိမ့်မည်။

The Big Landlord(MM Translation)Where stories live. Discover now