အပိုင်း (၂၃) - မမျှော်လင့်ထားသော|မေမွ်ာ္လင့္ထားေသာ|

7.9K 1.6K 32
                                    

Unicode

[T/N - အရင် လျှာရှည်ပါရစေ...ဒါလည်း နှစ်ပိုင်းခွဲထားတာပဲ🤧 မပူနဲ့ မပူနဲ့...ပေါင်းရေးပေးမှာ😗]

အိမ်တော်ထိန်းဆုက အန်းယွမ်စီရင်စုမှ အမြန်ရောက်လာတော့သည်။ မြင်းလှည်းထဲတွင် နှစ်ရက်ထိုင်ခဲ့ရသည်မို့ သူ့ရဲ့အရိုးအိုကြီးများပင် အထိမခံနိုင်အောင် ဖြစ်နေလေပြီ။

ပုံမှန်အတိုင်းသာ ဆို သူက သခင်လေး၏ နောက်မှ လိုက်လာမည်ဖြစ်သော်ငြား အန်းမိသားစု၌ ဆုံးဖြတ်ချက်များ ချမှတ်ဖို့ရန် တစ်ယောက်ယောက်ကတော့ ကျန်နေခဲ့ရမည် ဖြစ်သည်။ သူက အရင်သခင်ကြီးကိုယ်တိုင် ခန့်အပ်ထားသည့် အယုံကြည်ရဆုံး သူ ဖြစ်သည်မို့ အန်းကျီယန်က သူ့ကို ထိုကိစ္စများအားကိုင်တွယ်ဖို့ရန် အိမ်မှာထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ဒါက အချိန်ခဏမျှသာ ဖြစ်သည်။ မိသားစုနှစ်ခုကြားရှိ လက်ထပ်ကြောင်းလမ်းခြင်းကို စိတ်အပူဆုံးလူမှာ အိမ်တော်ထိန်းဆု ဖြစ်သည်မို့ သူက ဒီနေရာသို့ရောက်လာရန် အလွန်ပင် စိတ်အားထက်သန်နေပေ၏။  လူအိုကြီး ဖူဖုန်းကျန့် က အိမ်တော်ထိန်းဆု ကိုတော့ မမေ့လောက်ပါပေ။

"သခင်လေး... ကျုပ် အိမ်မှာ အားလုံး စီစဥ်ခဲ့ပြီးပါပြီ။ ဆိုင်တာဝန်ခံ လေးယောက်လုံးကို သင်ကြားပေးခဲ့ပါတယ်။ ပြီးတော့ ဆုကျီကိုလည်း သေချာကြည့်ပြီး ကူညီခိုင်းထားတယ်။ အဲ့ဒီမှာ ဘာပြဿနာကြီးကြီးမားမားမှ ရှိမှာမဟုတ်ပါဘူး"

အိမ်တော်ထိန်းဆု က ချွန်းလန် သူ့အတွက် ငှဲ့ပေးသည့် လက်ဖက်ရည်ကို သောက်လိုက်လေ၏။ ပင်ပန်းနွမ်းနယ်မှုများက သူ့မျက်နှာထက်တွင် ရေးပြထားသကဲ့သို့ ထင်ရှားနေပေသည်။ အချိန်က နှောင့်နှေးနေ၍မရသည်မို့ သူက ပြီးခဲ့သည့်နှစ်ရက်အတွင်း သိပ်အနားမယူခဲ့ပါပေ။ သူက မြင်းလှည်းအတွင်း၌ တွန်းထိုး လူးလိမ့်နေသည်မို့ ထိုင်ပင်မထိုင်နိုင်ချေ။

ယင်းကို ကြည့်၍ အန်းကျီယန်က ချိုးလန်ကို ပြောလိုက်သည်။

"အိမ်တော်ထိန်းဆု ကိုခေါ်ပြီး အနားယူခိုင်းလိုက်ပါ။ ဒီမှာ ဘာကိစ္စမှ မရှိတော့ရင်ကျွန်တော်တို့ မနက်ဖြန်ကျမှ စကားပြောကြတာပေါ့"

The Big Landlord(MM Translation)Where stories live. Discover now