8.3K 1.6K 9
Unicode
အန်းကျီယန်က သူ့အိမ်ကို ပြန်လာလိုက်ကာ စာကြည့်ခန်းထဲသို့ ဝင်အနားယူလိုက်သည်။ ခဏကြာပြီးနောက် အိမ်တော်ထိန်းဆု က ရောက်ရှိလာတော့၏။
"သခင်လေး...တကယ်ပဲ ဒီလိုလုပ်မယ်ဆိုတာ သေချာပြီလား?"
ဦးလေးဆုက မနက်ခင်းက ဖြစ်သွားသည့်ကိစ္စကို ပြောလာခြင်းဖြစ်သည်။ ဦးလေးဆုက အန်းချန်ဖူထံတွင် နှစ်ပေါင်း နှစ်ဆယ်ကျော် အလုပ်လုပ်ပေးခဲ့တာကြောင့် ထိုလယ်သမားများ မည်မျှထိ အကြွေးတင်နေကြသည်ကို သူကောင်းကောင်း သိပေသည်။ ထိုအကြွေးအားလုံးကိုသာ ပြန်မရနိုင်တော့ပါက အန်းမိသားစုအတွက် အလွန်ကြီးမားသည့် ဆုံးရှုံးမှုကို ဖြစ်စေလိမ့်မည်။
"ဦးလေးဆု...ကျွန်တော့်ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး လုံးဝသေချာပါတယ် "
ကျီယန်က သူကိုင်ထားသည့် အတွက်အချက်စာအုပ်ကို ချလိုက်ရင်း ပြောလိုက်၏။
"ဒါပေမဲ့... မင်းရဲ့အဖေသာ အသက်ရှင်နေခဲ့ရင်...သူက ဒီလိုမျိုး လုပ်မှာမဟုတ်..."
ဦးလေးဆုက စိုးရိမ်ပူပန်စွာ ရေရွတ်သည်။ ထိုအကြွေးများ ဘယ်လောက်အရေးကြီးသည်ကို သူသိပေ၏။ ထိုအကြွေးများဖြင့် ရွာသားများကို ထိန်းချုပ်ထားပြီး ဒါကပင် အန်းမိသားစု ချမ်းသာလာရခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်သည်။
ကျီယန်က သူ့လက်ကို မြှောက်လိုက်ကာ ဦးလေးဆု ဆက်ပြောမည့်စကားကို ရပ်တန့်စေလိုက်သည်။
"ရှုး...ကျွန်တော့်စိတ်ကို ပြင်ဆင်ထားပြီးသားပါ"
သူက ထိုသို့ ပြောလိုက်၏။
ကျီယန်က ၂၁ရာစုမှ ရောက်လာခြင်း ဖြစ်သည်။ သူက ရွာသားများကို နာကျင်အောင်၊ ဒုက္ခရောက်အောင် လုပ်ပြီး ပိုက်ဆံရှာစရာမလိုဘဲ အခြားနည်းလမ်းများစွာရှိသေးကြောင်း ကောင်းစွာသိပေသည်။ အခုဆိုလျှင် သူက အန်းမိသားစုခေါင်းဆောင် ဖြစ်နေပြီ ဖြစ်တာကြောင့် ငွေရဖို့ရန်အတွက် သူ့အဖေခြေလှမ်းအတိုင်း လိုက်၍ ဆိုးယုတ်သည့်နည်းလမ်းများ သုံးနေစရာမလိုပါပေ။
အန်းချန်ဖူ စောစောသေဆုံးသွားသည့်အတွက် အန်းချန်ဖူမှာ ကံကောင်းလှသည်ဟု သူတွေးလိုက်မိသေးသည်။ အခု ဒီတိုင်းပြည်၏ ဥပဒေများမှာ တိုးသထက် တိုးလာသည်ကို ကြည့်ရလျှင် ချန်ဖူ့ရဲ့ ငွေရပေါက်လမ်းမှာ သေချာပေါက် ဥပဒေနှင့် ဆန့်ကျင်နေပေလိမ့်မည်။
The Big Landlord(MM Translation)Where stories live. Discover now