8.5K 1.6K 33
Unicode
ခုနှစ်ရက်ကြာပြီးနောက် အန်းချန်တိက အန်းယွမ်စီရင်စုသို့ အလျင်အမြန် ပြန်လာခဲ့သည်။
အန်းယွမ်စီရင်စုနှင့် ယုံကျိုးစီရင်စုကြား အကွာအဝေးမှာ မြင်းစီးသွားလျှင် နှစ်ရက်မျှကြာပေလိမ့်မည်။
သို့သော်လည်း အန်းချန်တိ၏ မိသားစုမှာ မချမ်းသာပါပေ။ အထူးသဖြင့် အန်းချန်ဖူ သေဆုံးသွားပြီးနောက်တွင် ဖြစ်လေ၏။ သူတို့က အရှက်ကင်းမဲ့စွာနှင့် အန်းချန်ဖူထံမှ ပိုက်ဆံများကို သုံးခဲ့ကြသည်။ ယခုအခါ မိသားစုနှစ်ခုမှာ ဆက်ဆံရေး ပြတ်တောက်သွားပြီမို့ သူတို့ ပိုက်ဆံမရရှိတော့သည်မှာ နှစ်လပင် ရှိနေပြီ ဖြစ်သည်။ သူတို့မှာ မြင်းတစ်ကောင်ဝယ်ဖို့ပင် မတတ်နိုင်တော့ချေ။ ယုံကျိုးသို့ သွားဖို့ရာအတွက် သူတို့မှာ ခရီးသွားယာဥ်အုပ်စုကိုသာ ရှာရတော့၏။
ခရီးသွားအုပ်စုမှာ အလွန်ပင် နှေးကွေးလှပြီး အန်းချန်တိနှင့် သူ့ဇနီး မျှော်လင့်ထားသည်ထက်ပင် လမ်း၌ အချိန်များစွာ ကုန်ဆုံးခဲ့သည်။ အနှီစုံတွဲမှာ စီရင်စုအောက်တရားသူကြီး ကျင်း၏ အယုံကြည်ရဆုံး လက်ထောက်နှင့် ပြန်လာခဲ့ကြသည်။ သူ့နာမည်မှာ ချင်ရွယ်ဟော့ ဖြစ်သည်။ သူက ရုပ်ရည်အသင့်အတင့်နှင့် စူးရှ၊ တွက်ချက်တတ်သော မျက်လုံးများရှိသူ ဖြစ်၏။ ကျင်းကျုံးထင်က သူ့ရဲ့ အယုံကြည်ရဆုံး လက်ထောက်ကို အန်းမိသားစုကိစ္စအား အပြည့်အဝထိန်းချုပ်ဖို့ရန် စေလွှတ်လိုက်ခြင်းပင်။
နေ့လည်ခင်း၌ အန်းချန်တိက ချင်ရွယ်ဟော့ကို စီရင်စုတရားရုံးဆီသို့ စီရင်စုအောက်တရားသူကြီး ကျန်းနှင့် တွေ့ရန် ခေါ်သွားလိုက်၏။
စီရင်စုအောက်တရားသူကြီး ကျန်းက အန်းချန်တိနှင့်အတူ တရားသူကြီးကျင်း၏ လက်ထောက်ပါလာကြောင်း သိလိုက်သည်နှင့် အပြေးအလွှားသွားကာ နှုတ်ဆက် ဆီးကြိုတော့သည်။ သူက သူတို့ ရောက်လာကြသည့် ရည်ရွယ်ချက်ကို သိလိုက်ပြီးနောက် သူက အရိပ်အမြွက်မျှ နားလည်သွားကာ ရုတ်ချည်းပင် သူတို့အား တစ်ခု ပြောလိုက်လေသည်။
"အစ်ကိုချန်တိ...ချင်တာ့ရန်...ခင်ဗျားတို့ နှစ်ယောက်စလုံး တစ်လှမ်းနောက်ကျသွားပြီဗျ"
The Big Landlord(MM Translation)Where stories live. Discover now