အပိုင်း (၃၃) - ကြောက်မက်ဖွယ် အရှုပ်အထွေး|

8.2K 1.6K 147
                                    


Unicode

အိမ်တော်ထိန်းဆု မှာ ထိုသတင်းကို ကြားပြီးနောက် အလျှင်အမြန်ပင် ရောက်ချလာတော့၏။ သခင်လေးမှာ ဒုတိယသခင်လေး၏ အခန်းတွင် ရှိကြောင်း ကြားလိုက်ရပြီးနောက် သူ့ရဲ့ဦးတည်ရာလမ်းကြောင်းကို ပြောင်းလိုက်လေသည်။ သူ အခန်းနားသို့ မရောက်သေးမီမှာပင် ဒုတိယသခင်လေး၏ ငိုသံကို ကြားလိုက်ရ၏။ ကလေးငယ်မှာ ပုံမှန်အားဖြင့် မငိုတတ်ပါပေ။ သို့သော် သူ ငိုချိန်တွင် နို့ထိန်းအစေခံသည်ပင် ချော့မော့၍ အငိုတိတ်အောင် မလုပ်နိုင်ချေ။

အိမ်တော်ထိန်းဆု တံခါးပေါက်သို့ ရောက်ချိန်တွင်တော့ သခင်လေးမှာ ကုလားထိုင် ပေါ်၌ ထိုင်နေသည်ကို တွေ့လိုက်ရ၏။ သခင်လေးမှာ ရေထဲတွင် နစ်မြုပ်နေသကဲ့သို့ ထင်ရသည်။ သခင်လေးသည် ပုံမှန်အားဖြင့် မကြာခဏ မျက်နှာအမူအရာကို မဖော်ပြတတ်သော်ငြား ယခုအချိန်တွင်တော့ သခင်လေး ဒေါသအရမ်းထွက်နေသည်ကို သူပြောနိုင်ပေသည်။ ထို့နောက် သခင်လေး၏ လက်ထဲတွင် ဒုတိယသခင်လေးကို ချော့သိပ်နေသည်အား သူ သတိထားလိုက်မိ၏။ သဘာဝကျကျပင် ကလေးငယ်က အငိုတိတ်သွားတော့သည်။

အန်းကျီယန် က ပေါက်စီလုံးလေးကို နို့ထိန်းအစေခံဆီ လွှဲပေးလိုက်၏။ သူမက ကလေးကို လှမ်းယူလိုက်သည်နှင့် ပေါက်စီလုံးလေးမှာ ငိုတော့ ဟု ပြောလိုက်သကဲ့သို့ 'ဝါး'ခနဲ ထငိုတော့သည်။ သူက အန်းကျီယန်၏ လက်ထဲသို့ ပြန်ရောက်သွားချိန်မှာတော့ နှာခေါင်းလေး တရှုံ့ရှုံ့နဲ့ မငိုတော့ပါပေ။ တိတ်ဆိတ်မှုက အခန်းထဲတွင် လွှမ်းခြုံနေပေ၏။ နို့ထိန်းမှာ ရှက်ရွံ့သွားရသည်။

"အရင်ဆုံး မင်းတို့အားလုံး ထွက်သွားကြ"

နို့ထိန်းနှင့် မိန်းကလေးအစေခံနှစ်ယောက်မှာ အခန်းထဲမှ ထွက်သွားတော့၏။

ပေါက်စီလုံးလေး ငိုယိုပြီးနောက် အခန်းထဲရှိ လေထုမှာ အစကကဲ့သို့ ညိုးငယ်ထိုင်းမှိုင်းနေခြင်းမရှိတော့ချေ။

ခဏကြာပြီးနောက် အိမ်တော်ထိန်းဆု က တီးတိုးဆိုလာ၏။

"သခင်လေး...သခင်မလေး ပျောက်နေတယ်လို့ ကြားထားပါတယ်။ ဘယ်လိုဖြစ်တာပါလဲ?"

The Big Landlord(MM Translation)Where stories live. Discover now