အပိုင်း (၃၂) - ထွက်ခွာဖို့ရန်|ထြက္ခြာဖို႔ရန္|

7.9K 1.5K 163
                                    

Unicode

"သခင်မလေး...ကျွန်မတို့ ပြန်ရောက်ပါပြီ"

အခန်းထဲသို့ လူက မရောက်သေးသော်ငြား ချောင်အာ၏ အသံကတော့ အခန်းထဲ၌ ဦးစွာ ပျံ့နှံ့သွားပြီ ဖြစ်သည်။ သူတို့က အခန်းထဲသို့ မဝင်ရသေးရုံသာ ဖြစ်ပြီး တံခါးဝရောက်ချိန်တွင်တော့ ဝင်ပေါက်နားတွင် ဂနာမငြိမ်ဖြစ်နေသော အန်းယွီကျီး ကို တွေ့လိုက်ရ၏။

အန်းယွီကျီး ၏ အသားအရည်အရောင်မှာ သိပ်မကောင်းလှပါချေ။ ခုနစ်ရက်အကြာ၌ ဖူနန်းတော်သို့ လက်ထပ်ပြီး ဝင်ရောက်သွားရမည်ကို တွေးလိုက်မိချိန်တိုင်း သူမမျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင်မျှပင် မရှိတော့ပဲ ကြောက်ရွံ့မှုသာ ရှိနေတော့၏။

"ငါ နင့်ကို စုံစမ်းခိုင်းထားတဲ့အကြောင်းက အခြေအနေ ဘယ်လိုရှိလဲ?"

ချောင်အာက တစ်စက်မှပင် သတိမထားမိဘဲ ပျော်ပျော်ရွှင်ရွှင် ပြောလာ၏။

"သခင်မလေး...ဖူဝမ်ရယ်နဲ့ လက်ထပ်မယ့်သတင်းက ကျွင်းကျီမြို့တစ်ခုလုံးကို ပျံ့နှံနေပြီ...ကျွန်မကြားတာကတော့ ဧကရာဇ် က လက်ထပ်ပွဲကို ခွင့်မပြုတဲ့အပြင် ဖျက်သိမ်းဖို့ အမိန့်ပေးခဲ့တာတဲ့။ ဒါပေမဲ့ သူက အရမ်းကို တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကိုပဲ ချီးမြှင့်လိုက်တော့တယ်ဆိုတော့ သခင်မလေးအနေနဲ့ ဖူမိသားစု ထဲ ဝင်ရောက်ဖို့ စောင့်နေရုံပဲ ရှိတော့တယ် "

အန်းယွီကျီး ၏ မျက်နှာက ချက်ချင်းဆိုသလို ဖြူဖျော့သွားတော့သည်။

"သခင်မလေး...ဘာမှားနေလို့လဲဟင်?"

ရှင်းအာကား သူမ၏ ထူးဆန်းနေမှုကို ဦးစွာ သတိထားမိသွားသူ ဖြစ်သည်။

ချောင်အာက ကြည့်လိုက်ကာ သခင်မလေး၏ ဖြူဖျော့နေသော မျက်နှာကို မြင်သွားလေ၏။

"သခင်မလေး...ကျွန်မတို့ကို မခြောက်ပါနဲ့...တစ်နေရာရာများ နေမကောင်းသလို ခံစားနေရလားရှင်?"

သူမက ပြောပြီးသည်နှင့် ယွီကျီးအတွက် ရေနွေးနွေးတစ်ခွက် ထည့်ပေးလိုက်၏။

အန်းယွီကျီး က ခွက်ကို ယူရမည့်အစား ချောင်အာ၏ လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်လိုက်လေ၏။ ဆုပ်ကိုင်ရာတွင် အားများစွာ ထည့်ထားခြင်းကြောင့် သူမလက်ချောင်းများပင် ဖြူရော်နေပေသည်။

The Big Landlord(MM Translation)Where stories live. Discover now