အပိုင်း (၅) - အန်းချန်တိ|အန္းခ်န္တိ|

9.8K 1.6K 7
                                    


Unicode

"အချစ်ဆုံးညီလေးရာ...ဘာလို့...ဘာလို့ မင်း အစောကြီးထွက်သွားရတာလဲကွာ..."

အန်းကျီယန် ဝတ်ပြုခန်းမသို့ မရောက်သေးမီမှာပင် ယောကျ်ားတစ်ယောက်၏ ပုံဆိုးပန်းဆိုး ငိုကြွေးနေသံကြီးကို ကြားလိုက်ရ၏။ အန်းကျီယန်က ဝတ်ပြုခန်းမရှိရာသို့ လျှောက်သွားကာ လှမ်းကြည့်လိုက်လေသည်။

သတ်လတ်ပိုင်းလူတစ်ယောက်က တွန့်လိပ်နေသော ဝတ်ရုံကို ကိုင်ရင်း မတ်တပ်ရပ်နေသည်။ တံခါးဝသို့ တစ်ယောက်ယောက် ရောက်ရှိနေကြောင်း သိလိုက်ရ၍ သူက လှည့်ကြည့်လိုက်လေပြီး အန်းကျီယန် ကို မြင်သွားလေ၏။

အနှီ သတ်လတ်ပိုင်းလူကြီးမှာ အိမ်တော်ထိန်းဆုပြောသည့် အန်းချန်ဖူ၏ အစ်ကိုကြီး အန်းချန်တိ ပင် ဖြစ်သည်။

သူတို့နှစ်ယောက်လုံး၏ မျက်နှာဝိုင်းပုံနှင့် ဗိုက်ပူကြီးမှာ တစ်ထပ်တည်းတူညီလို့နေ၏။ အန်းချန်တိ၏မျက်လုံးများမှာ ငိုထားတာကြောင့် နီရဲလို့နေသည်။ အန်းချန်တိ က သူ့ညီလေး သေဆုံးသွားတာကြောင့် ဝမ်းနည်းနေသည်ဟုသာ လူအများကတွေး၍ ဘာကိုမှ ရှင်းရှင်းလင်းလင်း သိမည်မဟုတ်ပေ။ သို့သော် အန်းကျီယန်ကတော့ သူနှင့်ပတ်သတ်ပြီး မတူညီကွဲပြားသည့်တစ်ခုခုကို ခံစားမိနေသည်။ အန်းချန်တိက အန်းမိသားစု၏ ပိုင်ဆိုင်မှုများကို ခွဲဝေရရှိဖို့ရာအတွက် သရုပ်ဆောင်နေခြင်းသာ ဖြစ်​ကြောင်း သူ သိနေပါ၏။

"ငါ့ရဲ့ သနားစရာတူလေး... မင်းမျက်နှာကြည့်ရတာ ဖြူဖပ်ဖြူရော်နဲ့...။ ဒါတွေက မင်းအတွက် ဘယ်လွယ်ပါ့မလဲကွယ်...ဟုတ်တယ်မလား?ဒီလိုမျိုး မိဘတွေ သေဆုံးတာနဲ့ ကြုံတွေ့ရတယ်လို့။ စိတ်မပူပါနဲ့... ဦးလေးက မင်းနဲ့အတူ ရှိနေပေးမှာပါ"

အန်းချန်တိ က အနားသို့ လျှောက်လာပြီး ခေါင်းကို ပုတ်ဖို့ ကြိုးစားလိုက်သော်ငြား အန်းကျီယန်က ရှောင်ဖယ်လိုက်သည်။ အန်းချန်တိက သူ့ကို မယုံကြည်နိုင်စွာနဲ့ ကြည့်လာ၏။ အန်းကျီယန်က သူညာပြောနေမှန်း သိပေသည်။

သူ့အတွက် ရှိနေပေးမယ်တဲ့လား? အန်းမိသားစုကို ကူညီမယ်တဲ့လား? အဓိပ္ပါယ်မရှိလိုက်လေခြင်း။

The Big Landlord(MM Translation)Where stories live. Discover now