အပိုင်း (၂၂) - အင်ပါယာမိသားစု|အင္ပါယာမိသားစု|

7.8K 1.5K 24
                                    

Unicode

ပွင့်နေသော ပြတင်းတံခါးမှနေ၍ အန်းကျီယန် လူအုပ်ကြီးဝိုင်းနေသော လူတစ်ယောက်ကို မြင်လိုက်လေသည်။ ထိုအခိုက်တွင် အနှီလူမှာ စိတ်ဝင်စားဖွယ် ပုံပြင်တစ်ပုဒ်ကို ပြောနေလေသည်။ ဒါက ကောလာဟလ ဟုပင်ဆိုနိုင်၏။ ထိုလူက တံတွေးများပင် လွင့်ပျံမတတ် ပြောဆိုနေပေသည်။ လူအုပ်စုကလည်း ပျော်ရွှင်စွာပင် နားထောင်နေကြ၏။ သူခဏမျှ နားထောင်ကြည့်လိုက်ချိန်တွင်တော့ ယင်းမှာ နန်းတော်၏ကောလာဟလများ ဖြစ်ကြောင်း သိလိုက်၏။ ၄င်းကို အမှားအမှန်ခွဲခြားနိုင်ဖို့ရာ ခက်ခဲသော်ငြား သူလိုချင်သည့်ကိစ္စတော့ ဟုတ်မနေပေ။

ခဏမျှအကြာ၌ စားပွဲထိုးက သူမှာယူထားသည့် ဒင်းဆမ်းကို ယူလာပေးသည်။

အန်းကျီယန်က ထိုအခွင့်အရေးကို အရယူကာ မေးခွန်းမေးလိုက်လေ၏။

"ဒီကအစ်ကို... ကျွန်တော် လူတစ်ယောက်အကြောင်း သိချင်လို့"

ထိုသို့ပြောလိုက်ရင်း သူက ငွေပြားတစ်တွဲကို ထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်လေ၏။

"အစ်ကို ဖြေနိုင်သည်ဖြစ်စေ၊ မဖြေနိုင်သည်ဖြစ်စေ ဒီပိုက်ဆံက အစ်ကို့အတွက်ပဲ"

စားပွဲထိုးက ပြုံးရွှင်သွားသည့်မျက်နှာနှင့် ပိုက်ဆံကို ယူလိုက်ကာ ပြောလိုက်၏။

" ဆရာ...ဘာကိုပဲဖြစ်ဖြစ် သိချင်တာရှိရင် တွေဝေမနေဘဲသာ မေးလိုက်စမ်းပါ။ နိမ့်ကျတဲ့ဒီလူကသာ သိမယ်ဆိုရင် သေချာပေါက် မခြွင်းမချန်ပြောပြမှာပါဗျာ"

အန်းကျီယန် က ခေါင်း​ငြိမ့်လိုက်ကာ တုန့်ဆိုင်းခြင်းမရှိဘဲ မေးလိုက်၏။

"ကျွန်တော် မေးချင်တာက ဖူဖုန်းကျန့် လို့ခေါ်တဲ့ လူတစ်ယောက်အကြောင်းပါပဲ။ ကျွင်းကျီမြို့တော်မှာ ဒီလူကို ကြားဖူးလား?"

စားပွဲထိုးက ထိုနာမည်ကို ကြားသည်နှင့် အံ့အားသင့် တုန်လှုပ်သွားလေသည်။

"ဘာဖြစ်လို့လဲ? ဒီနာမည်နဲ့ ပတ်သတ်ပြီး ပြဿနာရှိလို့လား?"

အန်းကျီယန် က အမြင်စူးရှသည်မို့ စားပွဲထိုးမျက်နှာပေါ်ရှိ အပြောင်းအလဲများကို မြင်လိုက်လေ၏။

The Big Landlord(MM Translation)Where stories live. Discover now