အပိုင်း (၃၅) - လက်ထပ်ပွဲ တည်မြဲနေခြင်း|လက္ထပ္ပြဲ တည်မြဲနေခြင်း|

8.4K 1.7K 105
                                    

Unicode

တိတ်ဆိတ်လှသည့် စာကြည့်ခန်း ထဲတွင် စားပွဲပေါ်၌ လက်ဖက်ရည်ခွက်တစ်ခွက် ချထားလေ၏။ ခွက်ဆီမှ ရေနွေးငွေ့တို့ လွင့်လူးနေလေသည်။

အန်းကျီယန်က ထိုနေရာတွင် ထိုင်နေလေပြီး သူ့မျက်ဝန်းများကတော့ ငြိမ်သက်နေပေသည်။ သူနှင့် ဆန့်ကျင်ဘက်တွင် ဖူဝူထျန်း က ဖြောင့်တန်းဆန့်မတ်စွာ ထိုင်နေချေ၏။ သူ့ရဲ့ ဝန်ခံမှုကို နားထောင်ပြီးနောက်တွင် ဖူဝူထျန်းက စကားတစ်ခွန်းမျှ ပြောမလာပါပေ။

အန်းကျီယန် ဒီလူ၏ မျက်နှာကို ကြိမ်ဖန်များစွာ ကြည့်ဖူးသည်နှင့် ပတ်သတ်၍ ဆိုရပါလျှင် သူက ထိုသူ ဘာစဥ်းစားနေသည်ကို မပြောနိုင်နေဆဲပင် ဖြစ်၏။ ယင်းမှာ သူ ဖူဝူထျန်း နှင့် မျက်နှာချင်းဆိုင်လိုက်ရသည့် အချိန်တိုင်းပင် ဖြစ်သည်။ သူက ဘယ်တော့မှ လက်ဦးမှု မရယူနိုင်ခဲ့ပါချေ။ အန်းမိသားစု၏ ကံကောင်းမှုအတွက်သာ မဟုတ်ပါက သူ တကယ့်ကို ဖူဝူထျန်း နှင့် ထပ်မတွေ့လိုပါပေ။

"လက်ထပ်ပွဲ က နီးနေပြီ။ ဒါပေမဲ့ အခု မင်းက မင်းညီမ လက်ထပ်ပွဲ ကနေ ထွက်ပြေးသွားတယ်လို့ ဒီဝမ်ရယ်ကို လာပြောနေတာလား?မင်းက ပန်းဝမ် ကို ဟာသထင်ပြီး လာကစားနေတာလား?"

အန်းကျီယန် တွေဝေနေချိန်တွင် ဖူဝူထျန်း က ရုတ်ချည်းဆိုသလို စကားပြောလိုက်သည်မို့ သူ့စကားလုံးများက အန်းကျီယန် ကို လန့်ဖြတ်သွားစေသည်။

အန်းကျီယန် က မျက်ခုံးတန်းလေးကို အသာပင့်တင်လိုက်မိသည်။ ဒီနေရာတွင် 'လာကစားနေတာ' ဆိုသည့် စကားလုံးမှာ ပြင်းထန်လှသည့် အသုံးအနှုန်း ဖြစ်သော်ငြား သူက ဒီအချက်အပေါ် တစိမ့်စိမ့် တွေးမနေလေဘဲ ထိုအစား သူက လေးလေးနက်နက် ပြောလိုက်လေ၏။

"ဝမ်ရယ်...ဒီကိစ္စကို ကျွန်တော်က ကောင်းကောင်း မကိုင်တွယ်ခဲ့မိဘူး...ဒီတော့ ကျွန်တော့်မှာ ဒီကိစ္စအတွက် တာဝန်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အဖိုးနဲ့ ဖူလောင်ဝမ်ရယ် တို့ရဲ့ ကြားက မိတ်ဆွေဆက်ဆံရေးကို ထောက်ရှုပြီး အန်းမိသားစု ကို လွှတ်ပေးဖို့ တောင်းဆိုပါရစေ ။ ပြီးရင်တော့  ကျွန်တော်က ဝမ်ရယ့်ကို အကြီးမြတ်ဆုံး စစ်မှန်ရိုးသားမှုကို ပေးအပ်ပါ့မယ်"

The Big Landlord(MM Translation)Where stories live. Discover now