အပိုင်း (၃၀) - မူမမှန်သော|မူမမွန္ေသာ|

8.2K 1.5K 46
                                    

Unicode

သူတို့အိမ်တော်ဝန်းအတွင်း ပြန်ရောက်ချိန်မှာတော့ နေလည်ပင် ရောက်နေပြီ ဖြစ်သည်။

အန်းကျီယန် က အန်းယွီကျီး ၏ ကျန်းမာရေးအကြောင်းကို မေးမြန်းဖို့ရန် ချိုးလန်ကို ခေါ်လိုက်လေ၏။

"သခင်လေး...ဒီမနက်မှာ သခင်မလေးက ထူးကဲတဲ့ စားသောက်ချင်စိတ်ရှိလာပြီး ယာဂုနှစ်ပန်းကန် စားလိုက်ပါတယ်"

ဒါက ချိုးလန် ပြန်ပြောခြင်း ဖြစ်သည်။ လွန်ခဲ့သည့်နှစ်ရက်စျေးဝယ်ထွက်ပြီး ပြန်လာကတည်းက သခင်မလေး၏ အသားအရည်အရောင်မှာ ဖြူရော်နေပေ၏။  သူမ၏ စားသောက်ချင်စိတ်မှာလည်း ပုံမှန်ထက် နည်းလာသည်။ မနေ့ညက ညစာအတွက် ဆန်ပြုတ်တစ်ခွက်သာ သုံးဆောင်ခဲ့ပါ၏။

အန်းကျီယန် က ရိုးရိုးပဲ မေးလိုက်ခြင်းဖြစ်သော်ငြား မမျှော်လင့်ထားသော အဖြေကို ပြန်ရခဲ့လေသည်။ ခြံဝန်းထဲသို့ လျှောက်နေသည့် သူ့ခြေလှမ်းများမှာ တုန့်ဆိုင်းသွားရ၏။ မရှင်းလင်းလှသည့် အမူအရာဖြင့် သူက မေးလိုက်လေသည်။

"ဒီမနက် မင်းရဲ့ သခင်မလေး ကို သွားဖိတ်တုန်းက သူမရဲ့ အသားအရည်က ဘယ်လိုမျိုးလဲ?"

ချိုးလန် က ခဏမျှ စဥ်းစားလိုက်လေပြီး...

"သူမကို ကြည့်ရတာ နေကောင်းနေသလိုပါပဲ။ သူမရဲ့ ပါးပြင်နှစ်ဖက်မှာဆို အနီရောင်သန်းနေပါသေးတယ်။ အရင်နှစ်ရက်ကလို ဖြူဖျော့မနေတော့ဘူး။ ဒါကြောင့်မိုလို့ ဒီအစေခံက မီးဖိုချောင်ကို ယာဂုပိုကြိုခိုင်းလိုက်ပါတယ်။ သခင်မလေးက ဘာမှမပြောပါဘူး။ အရင်နှစ်ရက်တုန်းကလို သူမက တောင့်ခံမနေဘဲ ယာဂုနှစ်ခွက်သောက်လိုက်ပါတယ်"

အန်းကျီယန် က ခေါင်းငြိမ့်ပြ၏။

"ဒါအကုန်ပဲဆို မင်းသွားလို့ရပြီ"

ချိုးလန် က လှည့်ပြီး ထွက်သွားလိုက်သည်။

နေ့လည်စာ စားပြီးနောက် အန်းကျီယန် က စာကြည့်ခန်းထဲသို့ ပြန်သွားလေသည်။ အိမ်တော်ထိန်းဆု က အထဲတွင် တိတ်ဆိတ်စွာ သူ့အား စောင့်နေလေ၏။ အန်းကျီယန် ရဲ့ စိတ်အခြေအနေ ကို နားလည်ခြင်းမရှိပါဘဲ သူက ပြောလိုက်၏။

The Big Landlord(MM Translation)Where stories live. Discover now