အပိုင်း (၄) - သံသယဖြစ်ဖွယ်ရာ|သံသယျဖစ္ဖြယ္ရာ|

10.5K 1.7K 11
                                    


Unicode

လွန်ခဲ့သည့် သုံးရက်က အန်းချန်ဖူနှင့် လျှိုမေးရှန်တို့သေဆုံးသွားပြီးနောက် ထိုသတင်းက အန်းယွမ်ရွာတစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။

အန်းမိသားစုအိမ်တော်တစ်ခုလုံး ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေပြီး ထိုသတင်းက သူတို့ကို စိတ်ဒုက္ခပေးကာ စိတ်ပင်ပန်းစေသည်။ တရုတ်နှစ်သစ်ကူးက နောက်ရက်တွင် ကျရောက်လာတာကြောင့် မိသားစုများ စုံလင်စွာ ညစာစားရမည့်နေ့ ဖြစ်သည်။ သူတို့၏ သေဆုံးမှုက ပျော်စရာပွဲတော်ကို ဝမ်းနည်းဖွယ်စျာပနအဖြစ် ပြောင်းလဲသွားစေခဲ့သည်။

ဒါ့အပြင် အန်းကျီယန်၌ ဖြစ်လာသည့်ကိစ္စမှာလည်း တူညီသည့်နေ့၏ နေ့လည်ခင်းတွင် ဖြစ်သွားခြင်း ဖြစ်သည်။

လူတိုင်းက တုန်လှုပ်ကာ စိတ်ဖိစီးနေကြပြီး အန်းကျီယန်၏ ပျောက်ကွယ်နေမှုကို ဘယ်သူမှ သတိမထားမိကြပေ။ သူ ပျောက်ဆုံးနေကြောင်း သိရှိသွားကြချိန်မှာတော့ နှစ်နာရီမျှပင် ကုန်ဆုံးသွားချေပြီ။

သူ့ကို အိမ်တော်ဝန်း၏ ချောင်ကျကျနေရာတစ်ခုရှိ နှင်းများဖုံးလွှမ်းနေသော မြေပြင်ထက်တွင် လဲလျောင်းလျက်ပုံစံဖြင့် တွေ့လိုက်ရလေသည်။ သူက တကယ့်ကို ပါးလွှာသည့် အတွင်းဝတ်စုံတစ်ထည်ကိုသာ ဝတ်ဆင်ထားလေ၏။ သူ့ခန္ဓာကိုယ်ရှိ အဆီတုံးကြီးများကိုသာ ကျေးဇူးတင်ရပေမည်။ မဟုတ်ပါက သူ ချက်ချင်းပင် လူသားရေခဲချောင်း ဖြစ်သွားမည် ဖြစ်၏။ သို့သော်လည်း ဒီခန္ဓာကိုယ်၏ပိုင်ရှင်က တကယ် သေဆုံးသွားခဲ့လေပြီ။

လူတိုင်းက အန်းကျီယန် နှင်းလွှာထုပေါ် လှဲအိပ်နေသည်နှင့် ပတ်သတ်၍ ဘာမှ သိပ်တွေးမနေကြပေ။ သူတို့ တွေးထင်ကြသည်က သူ့မိဘတွေ သေဆုံးသွား၍ စိတ်ရူးပေါက်ရာ ထလုပ်သည် ဟူ၍။

ဒါပေမဲ့ ဒီအကြောင်းတွေးရရင် လောကမှာ ဒီလိုတိုက်ဆိုင်မှုမျိုး ရှိပါ၏လော? မူလကိုယ်ပိုင်ရှင်က သူ့မိဘတွေနှင့် တစ်နေ့ထဲ သေဆုံးသွားခဲ့သည်။

အစေခံဆီမှ အန်းကျီယန် သိရသလောက် မူလကိုယ်ပိုင်ရှင်က ဆိုးသွမ်းသည့် ကလေးဖြစ်သည်။ သူက စာမလေ့လာဘဲ ပျင်းရိသည့်လူတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့၏။

The Big Landlord(MM Translation)Where stories live. Discover now