အပိုင်း (၃၄) - မောင်နှမအဖြစ်မှ စွန့်လွှတ်ခြင်း|

8.3K 1.6K 43
                                    

Unicode

အန်းကျီယန် ထိုစကားများကို ပြောလိုက်သည်က အိမ်တော်ထိန်းဆု ကို ထိတ်လန့်ကြောက်ရွံ့သွားစေသည်။ အိမ်တော်ထိန်းဆု သူ့ကို ကြည့်လိုက်ချိန်တွင် သူက စိုးရိမ်ပူပန်နေသည့်ဟန်ပန်ကို ဖော်ပြထားချေ၏။ အိမ်တော်ထိန်းဆု၏ စိတ်ထဲတွင်တော့ သခင်လေးဟာ သခင်မလေးရဲ့ လုပ်ရပ်ကြောင့် ရူးသွပ်သွားပြီး ဤကဲ့သို့ စကားများထွက်လာခြင်း ဟု တွေးလိုက်မိတော့သည်။

အိမ်တော်ထိန်းဆု၏ ခေါင်းထဲတွင် ထိုအတွေးများဖြင့် ပြည့်နေကြောင်း အန်းကျီယန် သိပါ၏။ သို့သော် သူက ဘာတစ်ခွန်းမှ မပြောလိုက်ပါပေ။ သူ ဒီအချိန် ၊ ဒီနေရာသို့ ရောက်လာသည်မှာ လေးလနီးပါးပင် ရှိနေလေပြီ။ ယခုဆိုလျှင် သူ သိနေသည်က တာ့ယာပြည်ကြီးသည် စီးပွားရေးလုပ်ငန်းရှင် များကို အမြင့်မှာ မထားသည့်အပြင် လူအများသည်လည်း ပွင့်လင်းမြင်သာလွန်းကြသည်။ တာ့ယာပြည်တွင် အမျိုးသားချင်း ချစ်ကြိုက်သူများလည်း ရှိလေ၏။ ကျွင်းကျီမြို့၌ အလွန်တရာကျော်ကြားလှသော အမျိုးသားဆောင်ကြာမြိုင်များစွာ ရှိသည်။ ယောကျ်ားအများစုက အရသာအသစ်အဆန်း ရရှိချင်၍ သွားတတ်ကြပြီး အချို့ကတော့ ပေါ်တင်ပင် သွားရောက်တတ်ကြ၏။

သို့သော်ငြား လူအများက ဤကဲ့သို့သော ကိစ္စမျိုးတွင် ပွင့်လင်းမြင်သာကြစေကာမူ အမျိုးသားကြင်ယာတော်အဖြစ် လက်ထပ်ယူခြင်းမျိုးကတော့ ရှားပါးနေဆဲ ဖြစ်သည်။

အဆုံးတွင်တော့ ခင်ပွန်းအတွက် ဘိုးဘေးတို့ချမှတ်သည့် စည်းမျဥ်းအတိုင်း ပြုမူပေးရာတွင် ယောကျ်ားတစ်ယောက်က မိန်းမတစ်ယောက်ကို မယှဥ်နိုင်ပါချေ။ ထို့ကြောင့် ယောကျ်ားတစ်ယောက်ကို ဇနီးအဖြစ် လက်ထပ်ယူလျှင်တောင်မှ အမျိုးသားကိုယ်လုပ်တော်သာ ဖြစ်နိုင်ပေသည်။

အန်းကျီယန် ဒီအကြောင်းကိုသာ စဥ်းစားနိုင်လေပြီး တခြားအရာကို စဥ်းစား၍ မရတော့ပေ။ ဖူဝူထျန်း က ယောကျ်ားတစ်ယောက်ကို လက်ထပ်ချင်သည်ဆိုလျှင်ပင် သူက လက်ထပ်ဖို့ရာ တစ်ယောက်ယောက်ကို ရှာရန် မဖြစ်နိုင်ပေ။ ပေါက်စီလုံးလေး မှာလည်း လေးလသားလေးသာ ရှိသေးသည်။ သူကလည်း ဖူဝူထျန်း ကို စောင့်ပေးဖို့ လုပ်နိုင်မည်မဟုတ်ပေ။ ဟုတ်ပြီလား! ဒီအတွေးကပင် ရယ်စရာကောင်းလွန်းလှသည်။

The Big Landlord(MM Translation)Where stories live. Discover now