Arc(2.2)

4.9K 898 48
                                    

Unicode

Arc(2.2)

ဝူချီကသူ့စကားသူတည်သည်။ ဒီလပိုင်းအတွင်းမှာသူက ရှီရှန်းကိုအပ်စိုက်ကုထုံးနဲ့ ကုသပေးတာတွေမှစ၍ အစားအသောက်များထိ အထူးတလည်ဂရုစိုက် ပေးပြီးအဖိုးမဖြတ်နိုင်တဲ့ ဆေးဝါးများပါထပ်ပေါင်း
ထည့်လိုက်တဲ့အခါ ရှီရှန်းအနေနဲ့သူ့ရင်ဘက်က မသက်မသာခံစားချက်တွေ အားနည်းသလိုခံစားရတာတွေ
မရှိတော့ပေ။

သူကကိုယ်တိုင်ပင်ဆရာဝန် တစ်ယောက်ဖြစ်ခဲ့ဘူး တာကြောင့်သူ့ကိုယ်ခန္တာကိုယ် ကိုတစ်ခြားသူများထက် ဘယ်လိုဂရုစိုက်ရမလဲ သိနေသည်။ သူ့ကျန်းမာရေးထူးထူးခြားခြား တိုးတက်မြန်လာတဲ့အပေါ်မှာတစ်ခြား သူတွေသံသယမဝင်အောင်သာဝူချီကို အကာအကွယ်အနေနဲ့ လိုအပ်တာဖြစ်၏။

အခြေအနေကအဲ့ဒီလို ဆိုရင်တောင်ရှီရှန်းအနေနဲ့ကဘယ်လိုလေ့ကျင့်ခန်းကို မှလုပ်လို့မဖြစ်တဲ့အတွက် သူ့ရဲ့အကျင့်ဟောင်းကိုဆက်ပြီး ထားနေလို့မရတော့ပေ။ အဆုံးမှာတော့သူသည် လမ်းလျှောက်တာလောက်သာ လုပ်ပြီးအချိန်ကိုကုန်ဆုံးဖို့ကြိုးစားနေရသည်။

ကြေးဝါမှန်ပေါ်မှာပေါ်နေတဲ့ သူ့မျက်နှာသွင်ပြင်ကိုကြည့်ရင်း ရှီရှန်းသည်ဒီကလူတွေ ဘာလို့ တူညီတဲ့လိင်နဲ့အတူတူရှိရတာကို မသက်မသာမခံစားရတာလဲ ဆိုတာကိုသိသွားရသည်။

သူကသူ့ကိုယ်သူဂရုစိုက် တာကြောင့်နောက်ဆုံးတော့ အလေးချိန်တစ်ချို့ပြန်ရလာပြီး ဒီကိုရောက်စကလိုနေမကောင်းတဲ့ ရုပ်မပေါက်တော့ပေ။ကုရုန်ရဲ့အလှကနောက်ဆုံးတော့ အလင်းသို့ထွက်လာနိုင် ပြီးတစ်ခြားသူများကသူ့အသွင် အပြင်ကိုအထူးအံ့အားသင့်မိ ကြသည်အထိပင်။

ဇာတ်ကြောင်းထဲမှာတော့ ရွှီးဟွမ်ကနံပါတ်(၁)အလှလေး ဟုပြောထားပေမယ့် အဲ့ဒါကကုရုန်ဇာတ်ကြောင်းထဲ မပေါ်လာခင်တုန်း ကအခြေအနေသာဖြစ်သည်။

ထို့အပြင်သူက အပြင်ဘက်ကို ထွက်ခဲတာကြောင့် သူ့အသားအရည်က ဆီးနှင်းများကဲ့သို့ဖြူနေပြီးသူ့ကိုပိုလို့နူးညံ့သိမ်မွေ့သွားစေသည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now