Arc(3.15)

2.4K 515 25
                                    

Unicode

Arc(3.15)

ရှီရှန်းကတော့ သူ့ရဲ့ အေးစက်နေသော အမူအယာအား အနည်းငယ်ပင် မကြောက်ရွံ့ပဲ သက်တောင့်သက်သာပင် ထိုအမျိုးသားအား စကားပြန်သည်။

"ဒီလိုပါပဲ, ငါ့ကိစ္စက မင်းနဲ့ဘာမှ မဆိုင်ပါဘူး"

သူ့ရဲ့ ခေါင်းမာမှုကို သိထားတာကြောင့် အာတီမစ်က ခဏလောက်ကြာအောင် တိတ်ဆိတ်သွားပြီးမှ ရှည်လျားစွာ သက်ပြင်းချသည်။

"မင်းကသူ့လိုမျိုး ရည်မှန်းချက်ကြီးမားတာတွေ လောဘကြီးတာတွေ မရှိဘူးဆိုတာ ငါသိပါတယ် ဒါပေမဲ့အဲ့ဒီလိုဆိုရင်တောင်—''

အာတီမစ်ပြောလို့ မပြီးသေးခင်မှာပင် ရှီရှန်းက ဖြတ်ပြောသည်။

"ဘာကိုအခြေခံပြီး ငါကမင်းထက် အားနည်းတယ်လို့ထင်ရတာလဲ?"

ဆိုလိုတာကတော့ ; ငါက သိသိသာသာကို မင်းနဲတူညီစွာ သန်မာပါရက်နဲ့ ဘာလို့ မင်းဆီက ကာကွယ်ပေးမှုကို လိုအပ်ရမှာလဲ?ဟု

အာတီမစ်,''......'

ဒါကိုတော့ မငြင်းဆန်နိုင်ဘူး

"မင်းက မင်းကိစ္စတွေကိုသာ အာရုံစိုက်ထားပါ ငါလည်း ငါလုပ်ချင်တာလုပ်မယ်"

ဆိုလိုတာကတော့ ; ဆွေးနွေးမှု ပြီးဆုံးပြီ

အာတီမစ်, "...... "

ငါ့ရဲ့လွှမ်းမိုးမှုကဘယ်ရောက်သွားလဲ

အဆုံးမှာတော့ အာတီမစ်မှာ ပြိုင်မပြောနိုင်တော့တာကြောင့် ဘုရင်က အမိန့်ပေးလာရင်တောင် ထိုလူနဲ့နှစ်ယောက်တည်း အတူတူ မတွေ့ဖို့သာ အကြိမ်ကြိမ် သတိပေးနိုင်တော့သည်။

ထို့ကြောင့် နောက်လာတဲ့ ရက်များမှ အာတီမစ်အား အကယ်ဒမီမြေပြင်တွင် ဘယ်နေရာမှ ရှာမတွေ့ပေ။

တစ်စုံတစ်ယောက်ကြောင့် သူမရဲ့စီနီယာကို ချောင်းကြည့်ခွင့်လေးပင် မရရှာတဲ့ အယ်လာမှာတော့ အိမ်ရှေ့စံမင်းသားက သူမရဲ့စီနီယာအား တစ်ယောက်တည်း လွှတ်ထားတာကို ရှာတွေ့လိုက်ရတဲ့အချိန်မှာ ထိတ်လန့်မှုပင် ဖြစ်သွားရသည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now