Arc(1.2)

8.1K 1.2K 71
                                    

Unicode

ရှီရှန်းကထိုပုံစံဖြင့်ပင်မိနစ်နှစ်ဆယ်လောက်ဆက်နေလိုက်ပြီးဘယ်သူမှမဝင်လာတော့ဘူးဆိုတာသေချာသွားမှသာဖြည်းညင်းစွာဖြင့် မျက်လုံးကိုဖွင့်လိုက်ပြီးအိပ်ယာပေါ်မှ ထလိုက်သည်။

သူ့မျက်နှာကအခုချိန်မှာလုံးဝရှုပ်ပွနေမည်ကိုသိသောကြောင့်အလျင်အမြန်ဆေးကြောရန်လိုအပ်နေသည်လေ။

သို့သော်လည်းမှန်ထဲမှာပေါ်လာသည့်သူ့မျက်နှာကိုတွေ့သည်နှင့်သူ့မှာချောကျမလိုပင်ဖြစ်သွားပြီးကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားရတော့သည်။

လင်ယွဲ့ကမိန်းကလေးဆန်တာကိုနှစ်သက်သူဖြစ်တာကြောင့်သူ့အခန်းကိုပင်မင်းသမီးလေးတစ်ယောက်ရဲ့အခန်းနဲ့တူအောင်အလှဆင်ထားမှတော့သူ့ရဲ့ဝတ်ပုံစားပုံကလည်းချွင်းချက်မဟုတ်ပေ။

သူကမိတ်ကပ်တောင်လိမ်းထားတယ်...

ဒါ့အပြင်မကြာသေးခင်ကပဲငိုချထားတာဆိုတော့သူအခုဘယ်လိုပုံဖြစ်နေမလဲဆိုတာပြောပြဖို့ပင်မလိုတော့ပါဘူးလေ....

သူကအခုချိန်မှာတစ္စေတစ်ကောင်နှင့်ပင်တူနေသေးတော့သည်။

နန်ချီချန်းအဲ့ဒီလောက်မြန်မြန်ထွက်ပြေးသွားတာအံ့သြစရာမရှိဘူး

ဒီထက်ပိုပြီးစောင့်မနေတော့ပဲသူ့မျက်နှာကို makeup remover ဖြင့်စတင်ဆေးကြောတော့သည်။

၁၅မိနစ်အကြာတွင်တော့နောက်ဆုံးမှာ သူ့မျက်နှာပေါ်ရှိအရာအားလုံးကို ဖယ်ရှားလို့ပြီးသွားပြီဖြစ်သည်။

လင်ယွဲ့ကသူ့အသားအရည်ကိုကောင်းစွာဂရုစိုက်သောကြောင့်သူ့အရည်ပြားတွင်အပြစ်အနာဆာတစ်ချက်ပင်မရှိပဲနူးညံ့ပြီးဖြူဖွေးနေသည်မှာကြွေထည်အရုပ်လေးတစ်ရုပ်နှင့်ပင်တူနေသေးတော့သည်။

သူ့ရုပ်ရည်ကခန့်ညားတယ်လို့ပြောဖို့ထက်လှပတယ်ဆိုတဲ့စကားကပိုသင့်တော်သော်လည်းသူကသူ့ကိုယ်သူgay ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပြောထားခဲ့တဲ့အတွက် တစ်ခြားသူတွေကသူ့အပေါ်တွင် စိတ်အစွဲအလမ်းဖြစ်နေပြီး သူ့ရဲ့ပုံစံဘယ်လိုပဲဖြစ်နေပါစေ သူတို့အတွက်တော့ရွံရှာစရာပဲ ဖြစ်နေခဲ့တာဖြစ်သည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now