Arc(2.7)

4.2K 677 31
                                    

Unicode

Arc(2.7)

ရှီရှန်းကတော့ထိုနေ့မှစ၍မည်သည့်side task မှမလာတော့တာကြောင့်သူ့နေ့တွေကိုငြိမ်းချမ်းစွာဖြတ်ကျော်နေသည်။

သူတို့သုံးယောက်ကြားထဲကအခြေအနေသည်လည်းမတိုးတက်ပေ။သူတို့တွေမျှဝေသုံးစွဲကြပြီးခေါင်းပြန်ကြည်လာတဲ့အချိန်မှာကုယန်ဝေနဲ့ဝူချီတို့နှစ်ယောက်လုံးဒေါသပေါက်ကွဲကြသည်လေ။

ဝူချီအတွက်ကတော့ရွှီးဟွမ့်ကအိမ်ရှေ့စံမင်းသားနဲ့အတူတူဆိုတာမသိခဲ့တာကြောင့်သူ့ကိုအရူးလုပ်လိုက်သလိုခံစားရသည်။အရင်တစ်ခေါက်ကကိစ္စသည်လည်းရွှီးဟွမ့်ကပင်လုပ်လိုက်တာဖြစ်မယ်လို့စဉ်းစားမိတာကြောင့်ရွှီးဟွမ့်ကိုပိုလို့ပင်ရွှံရှာသွားသည်။

တကယ်တော့ရွှီးဟွမ့်ကလည်းဒီလိုရုတ်တရက်ဖြစ်သွားတဲ့ကိစ္စအပေါ်မှာကြောင်တောင်တောင်ဖြစ်နေမိတာဖြစ်ပြီးသူတို့သုံးယောက်အတူတူအိပ်နေကြတာကိုသိသွားတဲ့အချိန်မှာဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားသည်။

ဒါပေမဲ့သူတို့ထဲကဘယ်သူ့ကိုမှဆုံးရှုံးခံလို့မရဘူးဆိုတာသိသောကြောင့်ကုယန်ဝူကိုတွယ်ကပ်ဖို့ဆုံးဖြတ်လိုက်သည်။

ကံကောင်းစွာနဲ့သူသည်လည်းဆေးခပ်ခံခဲ့ရတာဖြစ်သောကြောင့်သူလုပ်ဖို့လိုအပ်တာကအလိမ်အညာတစ်ချို့ပြောပြီးသူ့သည်လည်းခံရသူဖြစ်ပါတယ်လု့ိပြောနိုင်ဖို့ပင်။

ထိုဖြစ်စဉ်တစ်လျှောက်မှာသူကကုရုန်ရဲ့နာမည်ကိုပါဆွဲထည့်လိုက်သေးသည်။

ကုယန်ဝူကသူ့အဖြေနဲ့ပတ်သတ်ပြီးအနည်းငယ်သံသယဝင်မိသော်လည်းသူ့ဝမ်းကွဲနဲ့ပတ်သတ်ပြီးတစ်ခါမှမသိတာကြောင့်ကုရုန်ထက်စာရင်သူ့ချစ်သူဘက်ကိုပိုအလေးသာသွားသည်။

ထို့ကြောင့်ကုယန်ဝူရဲ့စိတ်ထဲကကုရုန်အပေါ်ထင်မြင်ချက်ကသိပ်မကောင်းတော့ပေ။

လက်ရှိအခြေအနေကိုကြည့်ပြီးဟီထျန်းသည်ရှီရှန်းကအရာအားလုံးကိုလွဲချော်အောင်လုပ်ပစ်လိုက်ပြီဟုသူ့နှလုံးသားထဲမှာညည်းညူမိလေသည်။သူဒီဇာတ်ကြောင်းကိုပြန်ပြင်နိုင်မယ့်နည်းလမ်းမရှိဘူး!

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now