Arc(4.8)

2.4K 443 22
                                    

Unicode

Arc(4.8)

တစ်စုံတစ်ယောက်က ရှီရှန်း လျှို့ဝှက်ဧည့်သည်အဖြစ် ပါဝင်သည့် preview မှပုံကို screenshot ရိုက်ပြီး Weibo မှာတင်လိုက်သည်။ ထိုပုံကျေးဇူးဖြင့် သူ့ဓာတ်ပုံက တစ်ညတည်းမှာတင် ပွဲစားအဖွဲ့တွေ မလိုပါပဲ ထိပ်တန်းရှာဖွေမှု အဆင့် (၁၀)အတွင်း ဝင်သွားခဲ့တော့လေသည်။

ထိပ်တန်းအဆင့် (၁၀) အတွင်း ပါဝင်သည့် တစ်ခြား ရှာဖွေမှုလည်း ရှိနေခဲ့၏။

Cosmo ရဲ့ နောက်တက်မယ့် ပြောရေးဆိုခွင့်ရှိသူက တုကျူဖြစ်နေသည်။ 

တုကျူရဲ့ ပုံရိပ်သည် Cosmo ရဲ့ အယူအဆနဲ့ ကိုက်ညီတာကြောင့် လူတိုင်းက ချီးမွမ်းခြင်းများ ပြုလုပ်နေကြပြီး သူ့ရဲ့ အသွင်အပြင်အား မျှော်လင့်နေမိတာကြောင့် ကြော်ညာကို ကြည့်ရှုရန် စိတ်အားထက်သန်နေကြောင်း ဖော်ပြနေကြသည်။

သူတို့တွေ ဒီလိုပျော်ရွှင်နေကြချိန်မှာ Cosmo တွင်တော့ ထိုသတင်းကြောင့် အရေးပေါ် အစည်းအဝေးတစ်ခု လုပ်လိုက်ရသည်ကို ဘယ်သူမှ မသိကြပေ။

"ကိစ္စတွေက ဒီလိုဖြစ်နေပြီဆိုတော့ ကျုပ်တို့ တုကျူကိုပဲ ရွေးလိုက်ရင်ရော? တကယ်တော့ ယဲ့ရှယ်လို ကြယ်ပွင့်အငယ်လေးတစ်ယောက်ကို ရွေးချယ်တာက ဟုတ်ကိုမဟုတ်တာ!"

"အမှန်ပဲ! ယဲ့ရှယ်ရဲ့ promotional videoက ပိုပြီးကောင်းတယ်ဆိုတာ ဝန်ခံပါတယ် ဒါပေမဲ့ အဲ့ဒါက သူ့ရဲ့ ဖန်တီးမှု အကြံဉာဏ်ကြောင့်ပဲလေ, အကယ်၍ ကျုပ်တို့သာ တုကျူကို ယဲ့ရှယ်နဲ့ ဇာတ်ညွှန်းအတူတူ ပြန်ပြီး ရိုက်ကူးရေး လုပ်လိုက်မယ်ဆိုရင် အရာအားလုံး ဖြေရှင်းပြီးသွား ဖြစ်သွားလိမ့်မယ်, တုကျူရဲ့ fanbase က အရမ်းကြီးတယ် အဲ့ဒါကြောင့် သူတို့ကို ဒေါသထွက်စေလို့ မဖြစ်ဘူး"

ထိုစကားကိုကြားတော့ အယ်တီတာချုပ်ဖြစ်သူ Jamesက ထိုသူ့အား စူးစူးရဲရဲ စိုက်ကြည့်သည်။ သူက အေးစက်စက်ဖြင့် လှောင်ပြောင်ပြော၏။

"အကယ်၍ ကျုပ်သာ ဒီလို သေးငယ်တဲ့ ကျော်ကြားမှုလေးကို ကြောက်ရွံနေရင် သူ့ကို အရင်ကတည်း အကြံပေးခဲ့မှာ မဟုတ်ဘူး, သူအဲ့ဒီ ကြော်ညာကို ရိုက်တုန်းကလည်း ကျုပ်အဲ့ဒီမှာ ရှိနေပြီး ခင်ဗျားတို့သူ့ကို ဒီထက်ပိုပြီး credit ပေးဖို့ လိုအပ်တယ်ဆိုတာ ကျုပ်မျက်လုံးနဲ့ မြင်နေရတယ်"

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now