Arc(2.11)

3.8K 726 39
                                    

Unicode

Arc(2.11)

"သခင်လေး,ဒီမှာသခင်လေးကိုလိပ်မူပြီးတော့ဖိတ်ကြားလွှာရောက်လာပါတယ်"

အားလင်ကတိတ်တဆိတ်နဲ့အနားသို့လက်မလောက်တိုးလာပြီးဖိတ်စာအားရှီရှန်းရှေ့ကခုံပေါ်တင်ပေးသည်။

ရှီရှန်းကဖိတ်စာကိုသက်တောင့်သက်သာပဲလှမ်းယူပြီးဖွင့်ဖတ်ကြည့်သည်။

ပို့လာတဲ့သူကဒီကမ္ဘာရဲ့နောက်ဆုံးအမျိုးသားဇာတ်လိုက်ပုကုန်းဖြစ်နေသည်။

ဒီကိစ္စကိုသူအစောကြီးကတည်းကမျှော်လင့်ထားပြီးသားဖြစ်တာကြောင့်အံ့အားသင့်ခြင်းမရှိပေ။

ရွှီးဟွမ့်ရဲ့စားသောက်ဆိုင်ကနာမည်ကြီးတယ်ဆိုပေမယ့်ကုန်သည်တစ်ယောက်ဖြစ်တဲ့ပုကုန်းရဲ့စီးပွားရေးနဲ့ဆိုရင်တော့မကိုက်ညီဘူးလေ။ဒါကြောင့်လည်းဇာတ်လမ်းထဲမှာသူတို့နှစ်ယောက်ကစီးပွားရေးလုပ်ဖော်ကိုင်ဖက်ထက်စာရင်ရင်းနှီးတဲ့မိတ်ဆွေများဖြစ်သွားကြရခြင်းဖြစ်သည်။

သူတို့ရဲ့အပြန်အလှန်ဆက်သွယ်မှုများကတစ်ဆင့်ပုကုန်းသည်သူ့ကိုစီးပွားရေးမှာရောကိုယ်ပိုင်ဘဝမှာပါနားလည်တဲ့လက်တွဲဖော်ကိုနောက်ဆုံးတော့ရှာတွေ့ခဲ့ပြီလို့တွေးမိတာကြောင့်ရွှီးဟွမ့်ဆီမှာလက်တွဲဖော်ရှိပြီးသားမှန်းသိတာတောင်မစွန့်လွှတ်နိုင်ခဲ့ခြင်းဖြစ်သည်။

နောက်ထပ်side task များထပ်မလာတော့တာကြောင့်ရှီရှန်းသည်ပုကုန်းအားတင်းကြပ်မယ့်အစီအစဉ်ကိုလက်လျော့လိုက်ပြီးသဘာဝအတိုင်းသွားဖို့ကိုသာဆုံးဖြတ်ချက်ချလိုက်သည်။

သူရွှီးဟွမ့်အပေါ်ကျဆုံးသွားမလားဒါမှမဟုတ်ချစ်မြတ်နိုးသွားမလားဆိုတာကတော့သူနဲ့ဆိုင်တဲ့ကိစ္စမဟုတ်ဘူး

တကယ်တော့လည်းသူကပျော်ရွှင်စရာအဆုံးသတ်လေးဖြစ်အောင်ရွှီးဟွမ့်အတွက်အမျိုးသားဇာတ်လိုက်သုံးယောက်တောင်သတ်မှတ်ပေးထားပြီးနေပြီပဲလေ။

ရွှီးဟွမ့်ရဲ့စီးပွားရေးနဲ့မတူပဲရှီရှန်းကတော့ပုကုန်းလိုက်ရှာနေတဲ့အရာဖြစ်သည်။ထို့ကြောင့်လည်းသူကရတနာစံအိမ်နဲ့ငွေပေးငွေယူလုပ်နိုင်ရန်ပိုင်ရှင်ကိုလိုက်ရှာနေခဲ့ခြင်းပင်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now