Arc(1.15)

5.8K 969 17
                                    

Unicode

Arc(1.15) 

သူ့ရဲ့သာယာသည့်အသံကချီချန်းအားသူ့အာရုံကိုပြန်ရစေလိုက်သည်။သူကအရင်တုန်းကနဲ့မတူတော့တာကြောင့်သူ့ကိုယ်သူပိုပြီးသဘာဝကျကျဖော်ပြသင့်သည်လေ။

သူကတစ်ဖက်လူအားသိမ်မွေ့သည့်အပြုံးတစ်ခုဖြင့်ပြန်နှုတ်ဆက်လိုက်သည်။

"ငါအဆင်ပြေပါတယ်မင်းရောဘယ်လိုနေလဲ?"

ရှီရှန်းကသက်တောင့်သက်သာဟန်ဖြင့်ပြန်ဖြေလိုက်သည်။

"မြင်တဲ့အတိုင်းပဲအရမ်းအဆင်ပြေတယ်"

သူပြောလိုက်သည့်ဆိုလိုရင်းကသူဟာတစ်ဖက်လူအတွက်ဘာမှမဟုတ်ခဲ့ဘူးဆိုတဲ့အဓိပ္ပါယ်ပဲဖြစ်တာကြောင့်အဲ့ဒီစကားကချီချန်းရဲ့နှလုံးသားကိုထိုးခွဲသွားခဲ့သည်။သို့သော်လည်းသူ့အဖြေကသူ့အတွက်ဘာအနှောင့်အယှက်မှမပေးနိုင်သကဲ့သို့သူ့မျက်နှာပေါ်မှာဘာစိတ်ခံစားမှုမှမပြပေ။

ထိုအချိန်မှာရှီရှန်းကတော့သူ့ရှေ့ကလူကိုတည်ငြိမ်စွာဖြင့်စောင့်ကြည့်နေလိုက်သည်။

လွန်ခဲ့တဲ့လေးနှစ်တုန်းကနန်ချီချန်းကအထူးကိုချောမောခန့်ညားသည့်လူငယ်လေးတစ်ယောက်ဖြစ်ခဲ့သော်လည်းအခုကျတော့သူ့မှာရင့်ကျက်မှုရှိလာပြီဖြစ်သဖြင့်သူ့ပုံစံကပိုပြီးအိမ်မက်ဆန်လာကာပြောရမယ်ဆိုရင်သူကလမ်းလျှောက်နေသည့်pheromoneကြီးလိုပင်။

သူ့စိတ်နေသဘောထားသည်လည်းများစွာပြောင်းလဲသွားသည့်ပုံပေါ်ပြီးအရင်တုန်းကထပ်စာရင်ပိုပြီးနွေးထွေးတည်ငြိမ်ပုံပေါက်လာကာသူ့ကိုမြင်လိုက်တာတောင်သူတို့နှစ်ယောက်ကဆိုးရွားတဲ့အခြေအနေတွေမဖြစ်ခဲ့ဘူးသလိုပင်ပြုံးနေဆဲဖြစ်သည်။

ဒါပေမဲ့အဲ့ဒါကဒီလူသူ့အပေါ်မှာလက်လျှော့သွားအောင်လုပ်ဖို့ပိုခက်သွားတယ်

"မင်းကသတိပေးခြင်းမရှိပဲပြန်ရောက်လာတာဆိုတော့အမေနဲ့အဖေကအချိန်မှီပြန်မလာနိုင်ခဲ့ဘူးအဲ့ဒါကြောင့်သူတို့ဒီညနေလောက်မှရောက်လိမ့်မယ်"

ရှီရှန်းကခေါင်းညိမ့်ပြလိုက်ပြီးပြန်ပြောလိုက်သည်။

"ကျွန်တော်အကုန်လုံးကိုစိတ်မရှုပ်စေချင်လို့တိတ်တဆိတ်ပြန်လာတာ"

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now