Arc(3.9)

2.7K 637 57
                                    

Unicode

Arc(3.9)

"ခဏ"

သူမကိုယ်တိုင်တောင် မသိလိုက်ခင်မှာပဲ ထိုစကားကထွက်သွားတာကြောင့် သူမရှေ့က ထိုလူက နောက်ဆုံးမှာေ ခြေလှမ်းများ ရပ်တန့်သွားပြီး သူမကိုပြန်လှည့်ကြည့်လာသည်။

သူကယဉ်ကျေးစွာပင်မေးလာ၏။

"တစ်ခုခုလိုအပ်တာများ ရှိလို့လား?"

အယ်လာက ခဏတာမျှ ချီတုံချတုံဖြစ်နေပြီးမှ ပြောလိုက်သည်။

"ကျွန်မကိုကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ရှီရှန်းကသူမအား ယဉ်ကျေးလှတဲ့ အပြုံးလေးသာ ပြုံးပြသည်။

"မလိုအပ်ပါဘူး, အဲ့ဒီလူတွေကို မင်းဘာသာမင်း ဖြေရှင်းလည်း ကောင်းကောင်း ဖြေရှင်းနိုင်လိမ့်မယ်လို့ ငါထင်တာပဲလေ၊ အကယ်၍ဘာမှ မရှိတော့ဘူးဆိုရင် ငါသွားနှင့်တော့မယ် စာကြည့်တိုက်က မကြာခင်ပိတ်တော့မှာမို့လို့"

မည်သည့်တုန့်ဆိုင်းမှုမှမရှိပဲ ထိုလူက ဒီအတိုင်းသာ လှည့်ထွက်သွားသည်။

သူ့ရဲ့ထွက်ခွာသွားတဲ့ နောက်ကျောက ပျောက်ကွယ်သွားမှသာ အယ်လာမှာ အာရုံပြန်ရသွားရလေသည်။

သူမသည် ဒီလိုချောမောတဲ့ အမျိုးသားတစ်ယောက်ကို ကြည့်ပြီးငေးကြောင်သွားမိတဲ့အတွက် သူမကိုယ်သူမ ရိုက်ပစ်လိုက်ချင်နေသည်။

ဒီလူနဲ့ စိန်ခေါ်ပွဲနွှဲဖို့တောင် မေ့သွားတယ်

ဘယ်လိုပဲဖြစ်ဖြစ်ပါ, ဒီအမျိုးသားလေးက အဲ့ဒီလူရဲ့ အကောင်းဆုံးသူငယ်ချင်းဆိုမှတော့ သူ့ကိုတွေ့နိုင့်မယ့်အခွင့်အလမ်းတွေ သူမမှာ အများကြီးရှိပါသေးတယ်

အရင်လာတာအရင်လုပ်ရမယ်, သူမအခု အိမ်ရှေ့စံမင်းသားကိုသွားပြီး နှုတ်ဆက်ဖို့ လိုနေသေးတယ်

ထို့ကြောင့် အခုလေးတင် အတန်းပြီးသွားတဲ့ အာတီမစ်သည် အတန်းထဲက ထွက်လာလာခြင်းပင် အယ်လာရဲ့ တားဆီးမှုကိုခံလိုက်ရသည်။

အယ်လာက သူ့အားလေးစားရိုကျိုးစွာ နှုတ်ဆက်လာသည်။

"အယ်လာဗန်ဒေးက အရှင့်သားကို နှုတ်ဆက်ပါတယ်, အိမ်ရှေ့စံမင်းသား"

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now