Arc(3.13)

2.8K 571 18
                                    

Unicode

Arc(3.13)

ဟီထျန်းက ကျူးကျော်လာသူအား မုန်းတီးစွာဖြင့် စိုက်ကြည့်နေသည်။ ဒီလူက ရာထူးအဆင့်အတန်း မြင့်မားကြောင်း သူသိထားသော်လည်း သူ့ကိုယ်သူ ရင်းရင်းနှီးနှီး သရုပ်ဆောင်ဖို့ မကြိုးစားချင်ပေ။

ရိုးရိုးသားသားပြောရရင် ဟီထျန်းသည် သူ့အတိတ်သူ မမှတ်မိနိုင်သော သူတစ်ယောက်ဖြစ်သည်။

အဲ့ဒါဆို သူ့နာမည်က ဟီထျန်းဆိုတာ သူဘယ်လိုသိလဲ?

အကြောင်းကတော့ သူ့ရှေ့က ဒီလူကပဲ ပြောပေးခဲ့တာကြောင့်ပင်။

သူမှတ်မိသလောက်ဆိုရင်တော့ သူ့မျက်လုံးဖွင့်ဖွင့်ခြင်းမှာ ပထမဆုံး မြင်ခဲ့ရတဲ့သူက ဒီလူသာ

အဲ့ဒီအချိန်တုန်းက သူအချိန်အကြာပြီး အိပ်ပျော်နေခဲ့တယ်လို့ ခံစားခဲ့ရပေမယ့်လည်း ဘယ်လောက်ကြာခဲ့မှန်းတော့ သူမသိပဲ ဒီအတိုင်း ခံစားရတာသာဖြစ်သည်။

အရာအားလုံးက သူ့အတွက် ထူးဆန်းနေခဲ့ပေမယ့် ပိုပြီး ထူးဆန်းဖို့ ကောင်းတာက ဒီ မသိတဲ့ လူဆီကနေတော့ ရင်းနှီးကျွမ်းဝင်မှုကို ခံစားခဲ့ရသည်။

သို့သော်လည်း သူတစ်ဖက်လူကို မေးတဲ့အချိန်မှာတော့ ထိုလူက ဒီအတိုင်း ပြုံးသာပြုံးနေပြီး သူတို့ ဘယ်တုန်းကမှ မသိခဲ့ဘူးပါဟု ဆို၏။ ထိုလူက သူလုပ်ရမယ့် အလုပ်ကိုပေးဖို့အတွက်သာ လာခဲ့ခြင်းပင်။

အမှန်ပဲ, သူ ကြီးကြပ်သူ တစ်ယောက်ဖြစ်လာတာက ဒီလူကြောင့်ဖြစ်ပြီး ရှီရှန်းရဲ့ ကမ္ဘာကို ကိုင်တွယ်ဖို့ အမိန့်ချပေးခဲ့တဲ့ သူကလည်း ဒီလူပဲ။

ကိစ္စတွေကို ပိုမိုလွယ်ကူစေဖို့အတွက် ဟီထျန်း လက်ရှိ လုပ်ဆောင်နေတဲ့ နေရာကို အဖွဲ့အစည်းတစ်ခု ဟုသာ ခေါ်ပြီး ဌာနချုပ်ကတော့ Lord ဖန်ဆင်းထားတဲ့ ကြားကာလ နေရာတစ်ခု အတွင်းမှာ ရှိသည်။ ထို့ကြောင့် သူတို့ကလွဲရင် သူတို့ရဲ့ တည်ရှိမှုတွေ၊ သူတို့ဘယ်မှာရှိလဲ၊ ဆိုတာတွေကို ဘယ်သူမှ မသိကြပေ။

ဒီနေရာကို လာနိုင်တဲ့ ဝန်ထမ်းများက သေဆုံးသွားသည့် သူများ ဖြစ်ကြပြီး ၎င်းတို့သည် သတ်မှတ်ထားတဲ့ လိုအပ်ချက်တစ်ခုနဲ့ ပြည့်စုံမှသာလျှင် ထိုနေရာမှာ ရှိနိုင်မှာဖြစ်သည်။ ဟီထျန်းက အလုပ်တစ်ချို့ လုပ်ကိုင်ပြီးနောက်မှာ ဝင်စားဖို့ ဆန္ဒမရှိသူများနဲ့ မဝင်စားနိုင်သူများကသာ ဒီနေရာကို ရောက်လာနိုင်ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ကြောင့်လည်း သူကိုယ်တိုင်က သူတို့ထဲက တစ်ယောက်များ ဖြစ်နိုင်မလားဟု တွေးမိသည်လေ။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now