Arc(4.13)

1.9K 364 37
                                    

Unicode

Arc(4.13)

မျက်စိတစ်မှိတ်အတွင်း အချိန်တွေ ကုန်ဆုံးလာခဲ့ပြီး Mystery Singer ရဲ့ episode တွေကို ဆက်တိုက်ပြသလာခဲ့တာမှာ Black Crane က လေးကြိမ်ဆက်တိုက် ဘုရင်ဆက်ဖြစ်နေတယ်!

ထိုအတောအတွင်းမှာ လူတော်တော်များများက Black Crane ရဲ့ အကြောင်းအား ခန့်မှန်းခဲ့ကြပြီး ထိုလူက စုန့်ခယ် ဖြစ်သည်ဟု အများစုက သဘောတူဖြစ်ကြသည်။

ထို့ကြောင့် ပြည်ပမှာ အလုပ်လုပ်နေသည့် စုန့်ခယ်သည် ဘာမှမလုပ်ပဲနဲ့ကို သူ့နာမည်က top hot search ဆီ ရောက်နေသည်အား မြင်လိုက်ရ၏။

ကောမန့်များကို ဖတ်ရင်း ချွေးတစ်ပြိုက်ပြိုက် ကျလာရသည့် စုန့်ခယ်,''......''

Black Crane က သူ့နာမည်ကျော်ကြားမှုကို လုယက်မိတဲ့အတွက် လာများ သတ်မလား မသိဘူး?

ယနေ့မှာတော့ Mystery Singer ရဲ့ အပိုင်းအသစ်ကို ထုတ်လွှင့်မှာ ဖြစ်ပြီး တစ်နည်းပြောရရင်တော့ Black Crane ရဲ့ အကြောင်းအား ထိုအပိုင်းမှာ ထုတ်ဖော်မှာပင်။

ထို့အတွက်ကြောင့် ဘုရင်အသစ် တက်လာနိုင်တာတောင် သူ့ကို ဘယ်သူမှ ဂရုမစိုက်ကြတော့ပဲ Black Crane ၏ တစ်ကိုယ်တော် ပွဲကိုသာ စိတ်အားထက်သန်စွာဖြင့် စောင့်မျှော်နေကြတော့သည်။

ထိုသူ စင်မြင့်အလယ်သို့ လျှောက်သွားသည်ကို ကြည့်ရင်း သူတို့အားလုံး ခံစားချက်များ ရောထွေးသွားကြသည်။

သူတို့ထဲက တစ်ဝက်က သူ့အကြောင်းကို အရမ်းသိချင်နေကြပြီး နောက်တဝက်ကတော့ သူ့အား ဘုရင်အဖြစ် ဆက်ရှိစေချင်ကြသည်။ ထို့မှသာ ထိုလူ့အား စင်ပေါ်မှာ ဆက်ပြီး မြင်နိုင်မှာ ဖြစ်သောကြောင့်ပင်။

ပူလောင်ပြင်းပြနေသည့် အသက်ရှုသံများနဲ့အတူ ရင်းနှီးနေသည့် အဖွင်သံစဉ် စတင်လာသည်။

မျှော်လင့်ထားသည့်အတိုင်း ၎င်းက Blood ရဲ့ OST ဖြစ်သည်။

လူတိုင်းက သူ့ရဲ့ ထူးထူးခြားခြား သီဆိုမှုမှာ ပျော်ဝင်နေဆဲမှာပဲ သီချင်းက လမ်းတဝက်သို့ ရောက်လာပြီး Black Crane က မျက်နှာဖုံးကို ဖယ်ရှားဖို့ ဘယ်ဘက်လက်အား လှုပ်ရှားလိုက်သည်ကို မြင်လိုက်ရ၏။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now