Arc(2.4)

4.5K 762 56
                                    

Unicode

Arc(2.4)

ကုရှန်းမှာသူ့ကိုအော်ဟစ်လုနီးပါးပင်။

မင်းစားတာကထမင်းဖြူကြီးသက်သက်ပဲကိုအခုတော့စားပြီးသွားပြီတဲ့လား?!သူကမင်းဆီကနေထွက်ပြေးနေတာကိုမမြင်ဘူးလားဟ?!

သူကဟင့်အင်းလို့ပြောဖို့ပြင်လိုက်တဲ့အချိန်မှာပဲဟဲကျွော်ယန်ကသူ့ကိုခပ်ဖျော့ဖျော့ခေါင်းခါပြသည်။

ကုရှန်းကခဏလောက်တွန့်ဆုတ်နေပြီးမှကူကယ်ရာမဲ့စွာသက်ပြင်းချမိရင်းပြန်ဖြေလိုက်ရသတော့ည်။

"ကောင်းပြီ"

ထို့ကြောင့်ကျုံကျစ်ကခေါင်းကိုအနည်းငယ်ညိတ်ပြပြီးရှီရှန်းရှိရာသို့ထထွက်သွားတော့သည်။

လက်ရှိသူတို့ကဥယာဉ်ထဲမှာလမ်းလျှောက်နေကြပြီးကျုံကျစ်ကလမ်းကိုလင်းစေရန်မီးအိမ်တစ်ခုကိုင်ဆောင်ထားသည်။

သူကသူတို့နှစ်ယောက်,ဘေးချင်းယှဉ်လျှောက်နိုင်ရန်ရည်ရွယ်ချက်ရှိရှိဖြင့်ဖြေးညှင်းစွာလျှောက်နေသော်လည်းတစ်ဖက်လူကတော့ခေါင်းကိုသာဆက်တိုက်ငုံ့ထားကာမည်သည့်စကားမျှမပြောပေ။

ထို့ကြောင့်ကျုံကျစ်ကသာစကားစပြောလိုက်ရသည်။

"ဒီနေ့ဘာဖြစ်လို့ရုတ်တရက်ပြန်သွားရတာလဲ?"

သူ့မေးခွန်းကိုလူငယ်လေးကပြန်မဖြေသည့်အပြင်ခေါင်းကသာပိုငုံ့သွားသည်။သို့သော်ကျုံကျစ်ကသူ့ကိုဒေါသမထွက်ပေ။တည်ငြိမ်စွာဖြင့်သာမေးခွန်းထပ်မေးလိုက်သည်။

"ဒါဆိုဘာဖြစ်လို့အဲ့ဒီကိုလာခဲ့တာလဲ?"

မမျှော်လင့်ပဲဒီတစ်ခေါက်တော့သူ့ဘေးမှအသံသေးသေးလေးတစ်ခုထွက်လာသည်။

"နေ့လည်စာပေးချင်လို့"

သူ့အဖြေကြောင့်ကျုံကျစ်ကချက်ချင်းခေါင်းလှည့်ကြည်လာပြီးသူ့ဘေးကလူကိုကြည့်လိုက်ကာတုန်လှုပ်သွားတာသိသာနေ၏။

"ဘာဖြစ်လို့မင်းရဲ့နေ့လည်စာကိုရွှီးဟွမ့်နဲ့ပေးလိုက်တာလဲ?"

သူ့ပါးစပ်ကထိုနာမည်ထွက်လာသည်ကိုကြားသည့်အခါရှီရှန်းပုံစံကသုန်မှုန်သွားသည်။သူကစိတ်ပျက်အားငယ်ဟန်ဖြင့်ပြန်ဖြေ၏။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now