Prologue

18.3K 1.3K 19
                                    

Unicode

Aမြို့တော်၏တစ်နေရာတွင်အိုဟောင်းနေသောရပ်ကွက်တစ်ခုရှိနေသည်။မနက်(၆)နာရီသာရှိသေးသောကြောင့်လေထုကတိတ်ဆိတ်ပြီးအေးဆေးငြိမ်သက်နေ၏။

ထိုအချိန်တွင်သေးလည်းမသေးသလိုကြီးလည်းသိပ်မကြီးသည့်နှစ်ထပ်အိမ်ကြီးတစ်ခုကအလွန်ကိုတိတ်ဆိတ်နေသောကြောင့်လူတိုင်း၏မြင်ကွင်းမှပျောက်ကွယ်နေသလိုပင်...

အိမ်ကြီးတစ်ခုလုံးကိုအဖြူအနက်တို့ဖြင့်သာအလှဆင်ထားသကဲ့သို့ပထမထပ်ကလူနေသည့်အခန်းဖြစ်ပြီး၊မီးဖိုချောင်၊ဘားအသေးစား၊ဧည့်သည်ခန်း၊ရေချိုးခန်းနှင့်အမှုန်တစ်စက်ပင်မရှိသည့်Gymခန်းတို့ရှိနေကာအထဲမှာရှိသည့်အရာရာတိုင်းအားအသေးစိတ်စနစ်တကျထားထားသောကြောင့်ပိုင်ရှင်ကသေသပ်သည့်သူဖြစ်ကြောင်းကိုသက်သေပြနေ၏။

ဒုတိယထပ်မှာတော့ကြီးမားသည့်အိပ်ယာကြီးရှိနေပြီးထိုနေရာမှာလည်းအဖြူအမဲနံရံကပ်စက္ကူများဖြင့်သာအလှဆင်ထားကာပရိဘောဂအနည်းငယ်သာဖြည့်ဆည်းထားလေသည်။

မကြာခင်မှာပဲထိုတိတ်ဆိတ်ငြိမ်းချမ်းနေသောအခိုက်အတံ့လေးကိုပဲ့တင်ထပ်နေသည့်နှုးစက်သံတစ်ခုကနှောင့်ယှက်လိုက်တော့သည်။

စက္ကန့်အနည်းငယ်အကြာတွင်ကျန်းမာသန်စွမ်းသောအသားအရေနှင့်လှပသွယ်လျှသည့်လက်ချောင်းသွယ်သွယ်လေးများကစောင်အောက်မှထွက်လာကာအိပ်ယာဘေးမှစားပွဲပေါ်တွင်တင်ထားသည့်ဖုန်းအားကိုင်လိုက်ပြီးနှိုးစက်ကိုပိတ်လိုက်သည်။

သိပ်မကြာခင်မှာပဲလူငယ်တဦးသည်စောင်အောက်မှထွက်လာကာသူကတစ်ဖြည်းဖြည်းဖြင့်အိပ်ယာပေါ်မှထလာပြီးအလျင်မလိုသည့်ပုံစံဖြင့်ရေချိုးခန်းထဲသို့ရွှေ့သွားတော့လေသည်။

ထိုနေရာတွင်အရပ်ရှည်ပြီးချောမောသည့်လူငယ်လေးတစ်ယောက်၏သွင်ပြင်ကမှန်၏မျက်နှာပြင်ပေါ်တွင်ထင်ဟပ်နေခဲ့၏။

သူ့ရဲ့တောက်ပတဲ့အနက်ရောင်ဆံနွယ်များကအနည်းငယ်ရှုပ်ပွနေပြီးသူ့မျက်လုံးများကတစ်ဝက်သာပွင့်သော်လည်းအဲ့ဒါကသူ့ကိုရုပ်ဆိုးစေမယ့်အစားပျင်းရိနေသည့်ဆွဲဆောင်မှုတစ်ခုကိုသာပေးစွမ်းနေသည်။သူ့မျက်နှာပေါ်တွင်နားမလည်နိုင်လောက်အောင်မဲနက်နေသည့်စွဲမက်ဖွယ်ကောင်းသောဖီးနစ်မျက်လုံးတစ်စုံ၊လင်းယုန်လိုမျိုးနှာခေါင်းချွန်ချွန်လေးများနှင့်၊နီရဲနေသည့်နှုတ်ခမ်းများရှိသောကြောင့်သူ့ရဲ့သွင်ပြင်ကဒီလိုအံ့ချည်းစရာမျက်နှာကိုဖန်တီးနိုင်ရန်အကောင်းတကာ့အကောင်းဆုံးအင်္ဂါရပ်များကိုအတူတကွထားပေးထားသလိုပင်...

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now