Arc(1.13)

6.2K 1K 40
                                    

Unicode

Arc(1.13)

"လင်ယွဲ့၊ရှဟို!နင်တို့နှစ်ယောက်ဒီရောက်နေကြတာပဲဟန်!"

ယန်မင်းကချိုမြိန်စွာပြုံးရင်းတင့်တယ်လှပစွာဖြင့်သူတို့နားလျှောက်လာလေသည်။

ရှုဂျင်ကလှည့်ကြည့်လိုက်သည့်အခါသူမရဲ့လှပသည့်အသွင်အပြင်ကြောင့်အံ့အားသင့်သွားမိလေသည်။

ဘယ်လိုပဲဖြစ်နေပါစေသူကအထက်တန်းကျောင်းသူလေးတစ်ယောက်ကိုလိုခြင်ရလောက်တဲ့အထိဆာလောင်နေတာမဟုတ်တာကြောင့်ဝမ်းနည်းစွာသာသက်ပြင်းချလိုက်မိတော့သည်။

အခုမှရောက်လာသည့်ယန်မင်းကသူတို့စကားဝိုင်းအားသူမနှောင့်ယှက်လိုက်မိမှန်းနားလည်လိုက်သောကြောင့်သူတို့အားတောင်းပန်သည့်အပြုံးတစ်ခုပေးလိုက်သည်။

"တောင်းပန်ပါတယ်ငါနင်တို့ကိုနှောင့်ယှက်လိုက်မိတာလား?"

[မင်းတို့အားလုံးစကားပြောနေတာကိုမမြင်လောက်တဲ့အထိသူမကကန်းနေလို့လား?] ဟီထျန်းကအထင်အမြင်သေးသည့်ပုံဖြင့်ပြောလိုက်လေသည်။

ရှီရှန်းကတော့သူမရဲ့ရုတ်တရက်ထွက်ပေါ်လာမှုအပေါ်မှာအံ့အားသင့်မနေပေ။အကြောင်းကတော့သူမကရှုဂျင်ကိုအရမ်းတွေ့ခြင်နေတာလေ။ဒါကြောင့်လည်းရှားပါးတဲ့အခွင့်အရေးကိုလက်လွှတ်ခံလိုက်မယ့်အစားဒီလိုတုံးအတဲ့မေးခွန်းကိုသာမေးလိုက်ခြင်းပင်။

မူလဇာတ်ကြောင်းမှာတော့ရှုဂျင်ကသူမနန်ချီချန်းနဲ့ပြဿနာတတ်တိုင်းကူညီပေးခဲ့သည့်လူကောင်းကဒ်တစ်ကဒ်ဖြစ်သည်လေ။

ရှုဂျင်သည်လည်းအမျိုးသမီးဇာတ်လိုက်ကိုစိတ်ဝင်စားသည့်လူတစ်ယောက်ဖြစ်ခဲ့သော်လည်းသူ့သူငယ်ချင်းကသူမအပေါ်မှာမျက်စိကျနေကြောင်းသိတာကြောင့်သူမနဲ့နက်နက်ရှိုင်းရှိုင်းမပါဝင်ပဲနှစ်ယောက်ကြားမှာမြှားနတ်မောင်သာလုပ်ပေးခဲ့သည်။

ရှီရှန်းမှာသူ့ကိုယ်သူတွေးလိုက်မိသည်။

အကယ်၍ရှုဂျင်ကသူနဲ့လက်တွဲပြီးဒီနှစ်ယောက်ကိုအတူတူဖြစ်အောင်လုပ်ပေးရင်အရမ်းကောင်းမှာပဲ

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now