Arc(1.10)

7.1K 1.1K 24
                                    

Arc(1.10)

Unicode

ရှုဂျင်မှာနှစ်ခေါက်လောက်မျက်တောင် ခတ်လိုက်သည်ထို့နောက်သုံးခါမြောက် ထပ်ခတ်လိုက်ပြီးသူပြောခြင်သည့် အဓိပ္ပါယ်ကိုပုံမှန်ဘာသာစကားပြောင်း ရန်ကြိုးစားနေမိ၏။

"အဲ့ဒါကမင်းညီလေးနဲ့ဘာဆိုင်လို့လဲ? မင်းနဲ့သူနဲ့ဒီလတွေအတောအတွင်းမှာ အဆင်ပြေနေကြတယ်ဆိုတာတော့ ငါသိပါတယ်....ဟေး...ဖြစ်နိုင်တာက.... သူကမင်းကိုအမြဲတမ်းအဖော်ပြုပေး နေမယ်လို့တွေးတာတော့မဟုတ်ပါ ဘူးနော်...ဟုတ်နေတာလား?"

သူ့သူငယ်ချင်းမျက်နှာပေါ်က 'သိသာနေတာပဲမဟုတ်ဘူးလား?' လို့ပြောနေတဲ့အမူအယာအားကြည့် ရင်းရှုဂျင်ရဲ့နှုတ်ခမ်းများမှာပြင်းပြင်း ထန်ထန်ရှုံ့မဲ့သွားရသည်။

"ညီအစ်ကိုမောင်နှမတွေကအရမ်းနီးစပ် လာကြလို့ရှိရင်မင်းအနေနဲ့သူတို့က နောင်အနာဂတ်မှာလဲမင်းနဲ့အတူတူ အမြဲနေကြမယ်လို့တွေးမိမယ်ဆိုတာ ငါနားလည်ပါတယ်ဒါပေမဲ့ငါမင်းကို ပြောပါဦးမယ်...ငါတို့အားလုံးကြီး လာတာနဲ့အမျှအားလုံးကကွဲကွာ သွားကြပြီးကိုယ်ပိုင်မိသားစုကိုဖန် တီးကြမှာ...ရှုကျန်းလိုမျိုးပေ့ါ... သူကအခုကြိုက်နေတဲ့ကောင်မလေး နဲ့လက်ထပ်မယ်လို့ပြောနေပြီ..ဖွီ... ငါကတော့သူအဲ့ဒီကောင်မလေးနဲ့ နောက်လနည်းနည်းလောက်တောင် အတူတူရှိနေပါဦးမလားဆိုတာပဲမြင် ခြင်မိပါရဲ့"

သူကသူ့ညီအရင်းအကြောင်းကို ပျော်ပျော်ပါးပါးအတင်းချနေသည့် အချိန်မှာချီချန်းကတော့ပထမတစ် ဝက်လောက်ကစကားကိုကြားပြီး ကတည်းကအေးခဲသွားခဲ့တာဖြစ်လို့ သူ့ခေါင်းထဲဘာမှကိုမရှိတော့ပေ။

ဒီတစ်လောမှာသူကသူ့ညီလေးနဲ့ အချိန်တော်တော်များများကုန်လွန်နေ ခဲ့တာကြောင့်တစ်ချိန်ချိန်မှာကောင် လေးကသူ့ကိုစွန့်ခွာသွားနိုင်ကြောင်း ကိုအမှန်တကယ်ကိုမေ့နေခဲ့တာဖြစ်သည်။

သူ့ကိုထပ်မတွေ့နိုင်တော့ဘူးဟုစဉ်းစား မိယုံနှင့်ချီချန်းမှာရုတ်တရက်ထိတ်လန့်မှု ကိုခံစားလိုက်ရ၏။ကောင်လေးကသူ့ ဘေးမှာနေတာကိုရင်းနှီးနေပြီဖြစ်တာ ကြောင့်သူ့မျက်စိရှေ့ကနေကောင်လေး ရုတ်တရက်ပျောက်ကွယ်သွားမယ်ဆို တာကိုတွေးတောင်မတွေးရဲပေ။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now