Arc(3.3)

3.1K 704 27
                                    

Unicode

Arc(3.3)

ပထမအဆင့်ကိုလူနှစ်ယောက်ရတာကအံ့အားသင့်စရာဖြစ်သော်လည်းသိပ်မကြာခင်မှာလူတိုင်းစိတ်လှုပ်ရှားလာကြတော့သည်။

အမှန်ပဲလေ,အခုဆိုသူတို့ဆီမှာအိမ်ရှေ့စံမင်းသားနဲ့ယှဉ်ပြိုင်နိုင်မယ့်ကိုယ်စားပြုရှိနေပြီဆိုတော့သူတို့အများကြီးမျက်နှာမပျက်ရတော့ဘူး!

ထိုမြင်ကွင်းကိုကြည့်ပြီးဟီထျန်းတကယ့်ကိုပြောချင်တာကဆက်စတီးဝပ်သည်လည်းဆယ်နှစ်ပဲရှိသေးတာဟု.....

ရိုးရိုးသားသားပြောရရင်ရလဒ်ကိုအံ့အားသင့်မှုအများဆုံးဖြစ်သွားတာကတကယ်တော့စာမေးပွဲစစ်သည့်သူများဖြစ်သည်။

မာရီယာအကယ်ဒမီရဲ့သမိုင်းတစ်လျှောက်လုံးမှာဒီရမှတ်ကအမြင့်ဆုံးဖြစ်တာကိုတောင်ဒီလောက်မြင့်တဲ့အမှတ်ကိုလူနှစ်ယောက်တောင်ရသွားတယ်!

စာမေးပွဲစစ်သူများကသူတို့ရဲ့စိတ်လှုပ်ရှားမှုများကိုကြိုးကြိုးစားစားဖိနှိပ်ပြီးစာမေးပွဲအားဆက်ပြီးစစ်ကြရသည်။

နောက်ထပ်စမ်းသပ်ရမယ့်စာမေးပွဲကစိတ်ပိုင်းဆိုင်ရာစွမ်းအားဖြစ်ပြီးရလဒ်က1-10 အတွင်းဖြစ်သည်။ဒီတစ်ခေါက်ရဲ့စာမေးပွဲစစ်သူက maga တစ်ယောက်ပင်။အစပိုင်းမှာသူကဖြေဆိုသူများရဲ့အပေါ်တွင်စာလုံးတစ်ချို့မန်းမှုတ်ထားခဲ့ပြီးသူဘာမှမလုပ်ထားသလိုမျိုးဟန်ဆောင်နေသည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှလူတိုင်းစတင်ပြီးတုန်လှုပ်ခြောက်ခြားလာကြတာသူတို့တွေမေ့လဲမတတ်ဖြစ်လာတော့မှပင် maga ကသူ့မန်းမှုတ်မှုကိုရပ်တန့်လိုက်သည်။

လက်ကိုကျောမှာနောက်ပစ်ထားရင်းဖြင့်ပင် maga ကမျက်နှာပေါ်မှာအပြုံးဆင်မြန်းရင်းပြောလာ၏။
"ဒုတိယအကြိမ်ကပြီးဆုံးပြီ"

ထိုစကားကိုကြားတဲ့သူတိုင်းအံ့အားသင့်သွားကြရသည်။

သူတို့ဘယ်အချိန်ကစမ်းသပ်မှုကိုစတင်လိုက်ကြလို့လဲ?!

ဒီဒုတိယအကြိမ်မြောက်စမ်းသပ်မှုရဲ့နောက်ကွယ်ကဖြစ်ရပ်မှန်ကိုလက်တစ်ဆုပ်စာလောက်လူများသာရှာဖွေတွေ့ရှိကြသည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now