Arc(4.17)

1.9K 349 20
                                    

Unicode

Arc(4.17)

လက်ထောက်ကွမ်က ညာဘက်လက်မှာ ကော်ဖီပူပူလေး တစ်ခွက်အား ကိုင်ထားကာ ဘယ်ဘက်လက်မှာ မှတ်စုစာအုပ်အား ကိုင်၍ ခံစားချက် ကောင်းမွန်စွာဖြင့် ဓာတ်လှေကားထဲ ဝင်လာသည်။

မနေ့က အချစ်အတိုင်ပင်ခံရင်း ရခဲ့တဲ့ ကြီးမားလှသော အပိုဆုကြီးအကြောင်း တွေးရုံဖြင့်ပင် လက်ထောက်ကွမ်၏ မျက်နှာမှာ အပြုံးကြီးကြီး တစ်ခု ရှိနေလေသည်။

အသက်သုံးဆယ် အစောပိုင်း ရောက်နေတဲ့ အမျိုးသားတစ်ယောက် အနေနဲ့ လက်ထောက်ကွမ်မှာက သူ့အလုပ်ရယ် ခရီးသွားခြင်းကရယ်က လွဲရင် တစ်ခြား ဝါသနာ မရှိတာကြောင့် ဒီအချိန်မှာတော့ ရလာတဲ့ ဆုကြေးများအား ဘယ်လိုသုံးရမလဲ ဆိုတာကို အစီအစဉ် ဆွဲထားပြီးနေပြီဖြစ်သည်။

သူ့ရုံးခန်းထဲ ရောက်တာနဲ့ ဥက္ကဌကောင်း၏ ရုံးခန်းထဲ စတင်လျှောက်သွားလိုက်၏။

တံခါးကို နှစ်ချက်မျှ ခေါက်ပြီးနောက် အသံတိုးတိုးတစ်ခု ပျံ့လွင့်လာသည်။

"ဝင်လာပါ"

ကုမ္ပဏီကို တာဝန်ယူပြီးကတည်းက ဥက္ကဌကောင်း ၏နောက်ကို တောက်လျှောက် လိုက်လာခဲ့သည့် နှံ့စပ်သော လက်ထောက်တစ်ဦးအနေဖြင့်၊ လက်ထောက်ကွမ်သည် သူ့သူဌေး တစ်ခုခုမှားနေပြီဟု ခံစားမိလိုက်သည်။

ဘယ်လိုပဲ ဖြစ်နေပါစေ သူ့အနေနဲ့ တံခါးဖွင့်ပြီးတော့ ဝင်သွားလိုက်ရ၏။ ထိုလူ၏ အနီးတစ်ဝိုက်က အုံ့မှိုင်းသောလေထု အခြေအနေကို မြင်သောအခါ၊ လက်ထောက်ကွမ်သည် တံခါးကိုမပိတ်မီ အသက်ပြင်းပြင်းရှူလိုက်မိသည်။

ဆယ်ပုံ ပုံရင် ဆယ်ပုံက ယဲ့ရှယ်နဲ့ ပတ်သက်တာ သေချာတယ်!

ငါအဲ့ဒီကြားထဲ မညပ်သွားဖို့ မျှော်လင့်တာပဲ!

လက်ထောက်ကွမ်က သူ့စိတ်အခြေအနေအား ချိန်ညှိလိုက်ရင်း စားပွဲပေါ်သို့ စာရွက်စာတမ်းများ တင်ပေးလိုက်သည်။

"ဒါက ဒီနေ့ လက်မှတ်ထိုးဖို့ လိုတဲ့ အရေးကြီး စာရွက်စာတမ်းတွေပါ"

ကောင်းချန်က အာရုံပျံ့လွင့်စွာ ပြန်ဖြေသည်။

"အင်း"

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now