Arc(4.1)

3.8K 459 22
                                    

Unicode

Arc 4:  How to survive in this world: Become the National Male God.

ဟီထျန်းပေးတဲ့ သဲလွန်စတွေနဲ့ သူကိုယ်တိုင် ကမ္ဘာတွေ ဖြတ်သန်းပြီး တစ်ခြား တစ်ယောက်ရဲ့ ဘဝမှာ နေထိုင်ခဲ့တဲ့ အတွေ့အကြုံအရ ရှီရှန်းသည် ကောက်ချက်တစ်ခု ချနိုင်သွားသည်။ 

အဆင့် D ကနေ အဆင့် S ကို ရုတ်တရက် တက်သွားတဲ့ သူ့ကမ္ဘာက ထိုကမ္ဘာထဲကို တစ်စုံတစ်ခုက အတင်းအကြပ်   ဝင်လာခြင်း၏ ရလဒ်ဖြစ်နိုင်သည်။

သူ့ပတ်ဝန်းကျင်က အရာအားလုံး မှားယွင်းနေတယ်လို့ အမြဲတမ်း ခံစားနေရပြီး သူတစ်ယောက်တည်း အသိဉာဏ် ဝင်လာရတဲ့ အကြောင်းအရင်းက သူဟာ တကယ့် ရှီရှန်းအစစ် မဟုတ်တာကြောင့် ဖြစ်နိုင်သည်။

သူက ဒီအတိုင်း 'ရှီရှန်း' ဆိုတဲ့ အထောက်အထားနဲ့ နေထိုင်နေခြင်းသာ။

ထို့ကြောင့် ဟန်ကျီချီရဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှုကို မြင်ရပြီးတဲ့အချိန်မှာ သူထင်တာ မှန်တယ်ဆိုတာအား ရှီရှန်းသိလိုက်သည်။

ဒီခဏမှာတော့ ရှီရှန်းအနေနဲ့ ဘယ်လိုခံစားရမှန်းပင် မသိတော့။ ပထမတော့ သူ့အပေါ် သစ္စာဖောက်မှုတွေ ထပ်တလဲလဲ တွေ့ကြုံစေခဲ့တဲ့သူတွေကို လက်စားချေချင်ခဲ့ပေမယ့် အခုအချိန်မှာတော့ ထိုအရာအားလုံးက လုပ်ကြံဖန်တီးထားတာ ဖြစ်တဲ့အပြင် သူ့ဆီကိုတောင် တိုက်ရိုက်ဦးတည်နေခဲ့တာ မဟုတ်ကြောင်း ရုတ်တရက် တွေ့ရှိလိုက်ရသည်လေ။

ထိုခဏလေးအတွင်းမှာ ရှီရှန်းက ရုတ်တရက် ရယ်ချင်လာမိသည်။ လတ်စသတ်တော့ သူက သူ့ရဲ့ တည်ရှိမှု အစစ်အမှန်ကိုတောင် မသိခဲ့ဘူးကိုး။

ထိုအချိန်မှာ ဟန်ကျီချီကတော့ ရှီရှန်း၏ နောက်ဆုံးမေးခွန်းအတွက် အနည်းငယ် တုန်လှုပ်သွားမိသည်။ တစ်ဖက်လူက ဒီဖြစ်နိုင်ခြေကို စောစောသိသွားမယ်လို့ မထင်ထားခဲ့မိဘူး။ သို့ပေမယ့်လည်း သူ့ရှေ့ကလူကို ရှောင်နေတာတို့ လိမ်ညာတာတို့က အသုံးမဝင်ကြောင်း သူသိသည်ပင်။ ထို့ကြောင့်လည်း 'ဟုတ်တယ် မဟုတ်ဘူး' ဆိုတဲ့အဖြေအစား မရေမရာ အဖြေတစ်ခုသာ ပေးလိုက်တာဖြစ်သည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now