Arc(2.8)

3.8K 652 51
                                    

Unicode

Arc(2.8)

ရှီရှန်းသည်ရွှီးဟွမ့်နဲ့အတူတူဆက်နေချင်သည့်ရည်ရွယ်ချက်မရှိတာကြောင့်ရွှီးဟွမ့်အားကမ်းပေါ်ပစ်တင်လိုက်ပြီးသူကတော့စမ်းချောင်းတစ်လျှောက်လမ်းလျှောက်သွားလိုက်သည်။

ရွှီးဟွမ့်ဒီနေရာမှာသေသွားမှာကိုသူမစိုးရိမ်ပေ။အကြောင်းကတော့ဒီနေရာကရှာရလွယ်ကူတာကြောင့်သူအနှေးနဲ့အမြန်ကယ်ဆယ်ခံရလိမ့်မယ်။

ဒီချောက်ကသိပ်ပြီးမမြင့်တာကြောင့်ရှီရှန်းကရေထဲပြုတ်ကျရန်ဒီနေရာကိုတမင်သက်သက်ရွေးချယ်ထားခြင်းဖြစ်သည်။

ရွှီးဟွမ့်တစ်ယောက်တည်းသာပျောက်သွားတာဆိုရင်ကျုံကျစ်ကသူ့ကိုလာရှာမှာမဟုတ်လောက်ဘူးလို့သူတွေးမိတာကြောင့်သူနဲ့အတူပျောက်သွားဖို့ရွေးချယ်လိုက်ခြင်းပင်။ကျုံကျစ်ကရွှီးဟွမ့်ကိုလာရှာရဖို့ကတကယ်တော့မလိုအပ်ဘူးလေ

တစ်ခြားတစ်ဖက်မှာတော့ဟီထျန်းသည်ရှီရှန်းကရွှီးဟွမ့်ကိုရှာရန်ကျုံကျစ်အားတစ်နည်းနည်းနဲ့စည်းရုံးမယ်လို့ထင်ထားတာဖြစ်တာကြောင့်ရှီရှန်းကတကယ်ကြီးသူ့ကိုယ်သူဒုက္ခထဲဆွဲသွင်းလိုက်သည်ကိုမြင်သောအခါထိတ်လန့်သွားမိသည်။

[မင်း.....!မင်းနှလုံးရောဂါထမဖောက်တာနဲ့မသေတာကိုမြင်ရင်သူတို့သံသယဝင်မှာမကြောက်ဘူးလား?]

ရှီရှန်းကဂရုမစိုက်ဟန်ဖြင့်ပြန်ဖြေသည်။

"ဒီကိုယ်ကနတ်ဆေးသမားတော်ကုပေးထားတာလေ"

ဆိုလိုတာတော့သူ့ပုံစံကအဆင်ပြေနေရင်တောင်ဘယ်သူမှသံသယဝင်မှာမဟုတ်ဘူး

ရုတ်တရက်ရေစက်တစ်စက်ကရှီရှန်းမျက်နှာပေါ်ကျလာတာကြောင့်ကောင်းကင်ကိုလျှပ်တစ်ပြတ်မော့ကြည့်မိသွားသည်။ထို့နောက်နီးတဲ့ဂူတစ်ခုထဲအနားယူရန်အကွာအဝေးတစ်နေရာကိုလျှောက်သွားလိုက်လေသည်။

မီးမွှေးလို့ပြီးသည်နောက်မျက်လုံးများကိုမှိတ်ထားလိုက်ပြီးကျုံကျစ်လာသည်အားစောင့်ကာအနားယူလိုက်သည်။

အဲ့ဒီလူကသူ့ကိုရှာတွေ့မယ့်ပထမဆုံးလူဖြစ်ပြီးအဲ့ဒါကသိပ်လည်းမကြာလောက်ဘူးဆိုတာသူယုံကြည်တယ်..

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now