Arc(4.2)

2.3K 426 34
                                    

Unicode

Arc(4.2)

ဝုဝန်းမင်က လက်ရှိမှာ အသက်(၂၃)နှစ် ရှိနေပြီဖြစ်သည့် ကျော်ကြားသော သရုပ်ဆောင်တစ်ယောက်ပင်။ သူက Film Emperor တစ်ယောက်လိုမျိုး လူတွေဝိုင်းနေတာတော့ မဟုတ်ပေမယ့် သူ့ fanbase က ကြီးမားပြီး သူ့သရုပ်ဆောင်မှုကလည်း အောင်မြင်ကျော်ကြားတဲ့ ဒါရိုက်တာများစွာဆီကနေ ချီးကျူးမှု မြောက်များစွာ ရရှိထားသည်။

လက်ရှိမှာသူက မိတ်ကပ်ပြင်ဆင်လို့ ပြီးသွားပြီဖြစ်ပြီး ခယ့်ရှင်အဖြစ် သရုပ်ဆောင်မယ့်သူ ရိုက်ကွင်းထဲ ရောက်လာမှာအား စောင့်နေလေပြီ။ ရိုက်ကူးရေးတည်နေရာက မှောင်မဲနေတဲ့ လမ်းကြားလေးတစ်ခုဖြစ်ကာ ညီအစ်ကိုနှစ်ယောက် ပထမဆုံး ဆုံတွေ့သည့် နေရာဖြစ်သည်။

ထိုရိုက်ကွက်တွင် ရန်ပွဲဖြစ်သလို ပုံစံပါပေမယ့်လည်း ခယ့်ရှင်ရဲ့ အလွန်များပြားတဲ့ ခွန်အားကြောင့် ဝုဝန်းမင်နဲ့ ရှီရှန်းတို့က တစ်ဖက်သတ် တိုက်ပွဲပုံစံဖြစ်အောင်သာ လုပ်ဆောင်ရန် လိုအပ်သည်။

သို့ပေမယ့် ပြဿနာက ခယ့်ရှင်အဖြစ် သရုပ်ဆောင်တဲ့ သရုပ်ဆောင်က လုံးဝလူသစ်တစ်ယောက် ဖြစ်နေပြီး သူသိသလောက်ဆိုရင် သရုပ်ဆောင်ဘူးတဲ့ အတွေ့အကြုံ လုံးဝမရှိဘူး ဆိုတာပဲ။

ဝုဝန်းမင်းသည် သူတို့တွေ NG(Not Good) scence တွေ ဘယ်လောက်တောင် လုပ်ရမလဲ မသိဘူးဟု ခန့်မှန်းနေတဲ့အချိန်မှာ ရုတ်တရက် သူ့ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ သူ့အာရုံ ပြန်ရလာတဲ့အချိန်မှာတော့ ကြမ်းပြင်ကို ထိနေသည့် ရှုူးဖိနပ်သံကိုသာကြည်လင်စွာ ကြားနေရသည်။

 ခြေလှမ်းများကမြန်လည်း မမြန်သလို နှေးလည်းမနှေးတာကြောင့် ခြေသံရှင်က ဘယ်လောက်တောင် တည်ငြိမ်ပြီး သက်တောင့်သက်သာဖြစ်နေလဲဆိုတာပြနေသည်။ ဝုဝန်းမင်က အသံအရင်းအမြစ် ရှိရာသို့ လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ သူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အံ့အားသင့်သွားရသည်။

ထိုလူငယ်လေးက ငွေရောင်ဆံပင်အတိုနဲ့ အနီရင့်ရင့် ဖီးနစ်မျက်လုံးတစ်စုံရှိသည်။ သူ့အသားအရည်က နှင်းလို ဖြူဖွေးနေပြီး ဆွဲဆောင်မှု ရှိလွန်းသည့် အနက်ရောင်ကုတ်အကျီရှည်က သူ့အသားအရည်ကို ပိုလို့ထင်းထွက်နေစေကာ အနက်ရောင် ဘောင်းဘီရှည်က သူ့ခြေတံရှည်များအား တင်းကြပ်စွာ ရစ်ပတ်ထား၍ သူ့အသွင်သဏ္ဍာန်ကို ပိုလို့ပေါ်လွင်နေစေသည်။ အနက်ရောင်နားကပ် တစ်စုံက သူ့ကိုမိန်းမ မဆန်စေပဲ အဲ့ဒီအစား ပိုမိုဆွဲဆောင်မှုရှိ၍ စတိုင်ကျနေစေသည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now