Arc(3.7)

2.9K 649 29
                                    

Unicode

Arc(3.7)

ငှက်တွေရဲ့တစီစီအော်မြည်သံကဆူညံစွာကြားနေရသည်။ကန့်လန့်ကာနောက်ကနေဖြတ်သန်းပြီးကျနေတဲ့မနက်ခင်းနေရောင်ခြည်ဖျော့ဖျော့ကအာတီမစ်ရဲ့မျက်နှာပေါ်တိုက်ရိုက်သက်ဆင်းနေတာကြောင့်သူ့မျက်နှာပေါ်မှာမျက်မှောင်ကျုံ့မှုအနည်းငယ်ဖြစ်ပေါ်နေစေသည်။

သူ့ရဲ့ရှည်လျားကော့ညွှတ်တဲ့မျက်တောင်ရှည်ကြီးများကအနည်းငယ်တုန်ယင်လာကာသူ့မျက်လုံးကလည်းဖြေးညှင်းစွာပွင့်လာ၍သူ့ရဲ့လှပသည့်အနီရောင်မျက်လုံးလေးများပေါ်လာတော့၏။

သူ့အခန်းထဲမမျှော်လင့်ထားစွာပဲပြန်ရောက်နေပြီဆိုတာကိုနားလည်နိုင်ဖို့သူ့အတွက်စက္ကန့်ပိုင်းမျှအချိန်ယူလိုက်ရသည်။

ဆပ်ကသူ့ကိုပြန်ခေါ်လာတာလား?

စဉ်းစားနေရင်းဖြင့်ပင်တစ်ဝက်ထိုင်ပုံစံဖြစ်အောင်ထလိုက်သည်။သူအဲ့ဒီလိုလုပ်နေတဲ့အချိန်မှာတံခါးကရုတ်တရက်ပွင့်သွားပြီးအစားအသောက်ဗန်းကိုကိုင်ထားတဲ့အိမ်တော်ထိန်းကအထဲကိုဝင်လာ၏။

သူ့မင်းသားနောက်ဆုံးတော့နိုးလာပြီဆိုတာကိုမြင်လိုက်တာကြောင့်လူအိုကြီးရဲ့မျက်လုံးများကစိတ်လှုပ်ရှားမှုကြောင့်ချက်ချင်းမြင့်တက်သွားရသည်။

"အရှင့်သားနောက်ဆုံးတော့နိုးလာပြီပေါ့!"

"ဒီတစ်ခေါက်ငါဘယ်လောက်ကြာအောင်မေ့သွားတာလဲ?"

ထိုမေးခွန်းကိုကြားသောအခါအိမ်ထိန်းကြီးကပြုံးသည်။

"ဆယ့်ရှစ်နာရီထဲ!"

အာတီမစ်မှာထိုစကားကိုကြားတော့အံ့အားသင့်သွားရသည်။ပုံမှန်ဆိုရင်သူပြန်နိုးလာဖို့အနည်းဆုံးသုံးရက်လောက်အချိန်ယူရသည်လေ။ထို့ကြောင့်ဒီတစ်ခေါက်ကအတော်လေးအချိန်တိုတောင်းလှတယ်ဟုသတ်မှတ်လို့ရနိုင်သည်။

သူ့ရဲ့စိတ်ရှုပ်ထွေးနေတဲ့ပုံစံကိုမြင်တာကြောင့်အိမ်ထိန်းဖြစ်သူကအလျင်အမြန်ရှင်းပြသည်။

"သမားတော်ပြောတာတော့အရှင့်သားရဲ့အခြေအနေကတကယ့်ကိုတိုးတက်လာတာမို့လို့အရှင့်သားရဲ့မမာကျန်းမှုကိုကုသလို့ရနိုင်တဲ့အခွင့်အလမ်းရှိပါတယ်တဲ့!"

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now