Arc(2.12)

3.5K 655 34
                                    

Unicode

Arc(2.12)

ပုကုန်းကသူ့ရထားလုံးထဲကိုအားလျော့စွာဖြင့်ဝင်သွားသည်။ခဏလောက်သွားပြီးသွားပြီးနောက်မှာဘယ်သူမှသူ့နောက်ကနေလိုက်မလာတာသေချာသွားမှသာမသိလိုက်စွာနဲ့အောင့်ထားမိတဲ့အသက်ကိုနောက်ဆုံးတော့ရှုထုတ်မိသည်။

အဲ့ဒီမြင်ကွင်းကိုမြင်ပြီးတုန်းကဆိုစစ်သူကြီးရဲ့လူတွေဆီကနေနှုတ်ပိတ်ခံရတော့မယ်လို့သူတကယ်တွေးခဲ့မိတာ

သူတို့ကစီးပွားရေးကိစ္စကိုဆွေးနွေးနေကြတာဆိုပေမယ့်သူ့မှာသေဒဏ်ချခြင်းကနေလွတ်ငြိမ်းချမ်းသာခွင့်ရလိုက်သလိုတောင်ခံစားခဲ့ရတယ်

သူဟာသေဒဏ်ချမှတ်ခြင်းမှလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီလို့ခံစားခဲ့ရတယ်။

"သခင်,ရတနာစံအိမ်နဲ့မဆွေးနွေးနိုင်ခဲ့ဘူးလား?" သူ့ကိုယ်ပိုင်အစေခံကစိုးရိမ်ပူပန်စွာဖြင့်မေးလာသည်။

ပုကုန်းကခေါင်းခါပြပြီးပြန်ဖြေပေးသည်။ "သဘောတူညီချက်တံဆိပ်နှိပ်ခဲ့ပြီ"

ထိုစကားကိုကြားတော့အစေခံလေးကစိတ်ရှုပ်ထွေးသွားမိသည်။

အကယ်၍ဆွေးနွေးညှိနိုှင်းတာအဆင်ပြေတယ်ဆိုရင်ဘာဖြစ်လို့သူ့မျက်နှာကဒီလောက်တုန်လှုပ်ခြောက်ခြားနေရတာလဲ?

အကယ်၍ပုကုန်းသာထိုစကားကိုကြားမယ်ဆိုရင်သူတကယ်ပဲရယ်ရမလားငိုရမလားမသိဘူးဖြစ်သွားလိမ့်မည်။

ဆွေးနွေးညှိနိုှင်းတယ်?စစ်သူကြီးအဲ့ဒီမှာရှိနေမှတော့အဲ့ဒီလိုအရာမျိုးလုံးဝကိုမရှိခဲ့ဘူး!

စေ့စပ်ညှိနှိုင်းမှုကိုကိုင်တွယ်ဖြေရှင်းတဲ့နေရာကအခုတစ်ခေါက်ကပထမဦးဆုံးအနေနဲ့အခွင့်အရေးမရခဲ့ခြင်းပဲ။

ကံကောင်းထောက်မစွာနဲ့မင်းသားချွင်ကသူ့ကိုအကြီးအကျယ်ဆုံးရှုံးစေရလောက်အောင်နှလုံးသားမမဲ့လို့သာအဲ့ဒီညှိနှိုင်းမှုကအတော်လေးကောင်းတယ်လို့သတ်မှတ်လို့ရတာ

အဲ့ဒါကဒီအတိုင်းမင်းသားကဘာဖြစ်လို့သူနဲ့လုံးဝဆက်နွယ်မှုမရှိတဲ့ရွှီးဟွမ့်ကိုကူညီပေးချင်နေလဲဆိုတာကိုပဲသူနားမလည်နိုင်တာ

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now