Arc(2.10)

4K 665 23
                                    

Unicode

Arc(2.10)

စစ်ဗိုလ်ချုပ်ငယ်ရဲ့အလွန်ဝေးကွာပြီးအထီးကျန်နေတဲ့တစ်ကိုယ်တည်းပုံရိပ်ကိုကြည့်ရင်းဟဲကျွော်ယန်မှာစိတ်ပျက်လက်ပျက်နဲ့သက်ပြင်းရှည်ရှည်ချမိသည်။

ဒီလိုထွက်လာတဲ့ရလဒ်ကြောင့်ပျော်ရွှင်သင့်ပေမယ့်လုံးဝကိုစိတ်သက်သာရမှုရှိမနေဘူး

လူငယ်လေးနဲ့အဆက်အဆံလုပ်တာကြာရှည်လာပြီးထိုလူကသူ့သားကိုဘယ်လိုဆက်ဆံလဲဆိုတာကြည့်ရုံနဲ့တင်ကျုံကျစ်ကသူ့သားအတွက်မှန်ကန်တဲ့လက်တွဲဖော်တစ်ယောက်ဆိုတာကိုဟဲကျွော်ယန်ယုံကြည်သည်။

အရေးကြီးဆုံးအရာကတော့သူ့သားကလည်းထိုလူကိုသဘောကျတယ်။အဲ့ဒါကြောင့်ကိစ္စတွေကအကောင်းဆုံးဖြစ်တော့မယ်လို့သူထင်ထားခဲ့မိပေမယ့်အံ့အားသင့်စရာကောင်းစွာပဲသူ့သားကရုတ်တရက်ကြီးကျုံကျစ်နဲ့ထပ်ပြီးမပတ်သတ်ချင်တော့ဘူးလို့ပြောလာသည်လေ။

ထပ်ပေါင်းပြောရရင်နောက်ဆုံးတစ်ခေါက်မတော်တဆမှာကျုံကျစ်ကသူ့သားကိုကယ်တင်ပေးခဲ့တဲ့အတွက်သူအကြွေးတင်နေခဲ့တာအဲ့ဒါကြောင့်သူတို့ရဲ့စေ့စပ်မှုကိုဖျတ်သိမ်းဖို့သူပိုပြီးတွန့်ဆုတ်နေမိတယ်...

ဘယ်လိုပဲဖြစ်ဖြစ်,သူ့မိသားစုကသူ့ရဲ့ပထမဦးစားပေးမို့လို့သူတို့ရဲ့စေ့စပ်ပွဲကိုဖျတ်သိမ်းရတာကအနည်းငယ်ဒုက္ခများပေမယ့်သူလုပ်သင့်တာကိုတော့ဆက်လုပ်ရမှာပဲ

ထိုအတွေးကိုစိတ်ထဲထည့်ထားရင်းဖြင့်ပင်ဟဲကျွော်ယန်ကနောက်ဆုံးတော့ကျုံကျစ်အားလှမ်းခေါ်လိုက်သည်။

"စစ်သူကြီးကျုံ,ကျုပ်တို့စာကြည့်ခန်းမှာစကားပြောရအောင်လား?"

ကျုံကျစ်ကနောက်ဆုံးတော့တုန့်ပြန်လာပြီးဟဲကျွော်ယန်နဲ့အတူသူ့စာကြည့်ခန်းသို့တိတ်တဆိတ်လိုက်ပါသွားသည်။

သူတို့စာကြည့်ခန်းထဲရောက်တာနဲ့ဟဲကျွော်ယန်ကအစေခံအားလုံးကိုထွက်သွားခိုင်းလိုက်ပြီးသူတို့နှစ်ယောက်ထဲသာအခန်းထဲမှာကျန်ရစ်ခဲ့သည်။

သူတစ်ခုခုပြောဖို့ပြင်လိုက်တဲ့အချိန်မှာပဲနောက်တစက္ကန့်အတွင်းမှာလုံးဝကိုကြောက်ရွံ့တုန်လှုပ်သွားရတယ်!

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now