Arc(2.13)

3.7K 672 22
                                    

Unicode

Arc(2.13)

နှစ်သစ်ကအစောကတည်းကကျော်ဖြတ်ပြီးသွားပြီဖြစ်သော်လည်းလူတိုင်းကပွဲတော်ခံစားချက်ဖြစ်နေကြဆဲပင်။အပေါ်ယံမှာတော့ငြိမ်းချမ်းပြီးသဟဇာတဖြစ်နေပေမယ့်အောက်ခြေမှာတော့မုန်တိုင်းကစတင်နေလေပြီ။

လက်ရှိဧကရာဇ်ရဲ့စာကြည့်ဆောင်ထဲမှာရှိနေသမျှလူတိုင်းကအဆင်မြင့်အရာရှိများဖြစ်ကြပြီးထင်ရှားစွာပင်စစ်သူကြီးတစ်ယောက်ဖြစ်သည့်ကျုံကျစ်သည်လည်းသူတို့ထဲကတစ်ယောက်ဖြစ်၏။

ဧကရာဇ်ကအလွန်လေးနက်တည်ကြည်နေတဲ့မျက်နှာနဲ့ပြောလာသည်။

"ထူဟွင်ကကိုယ်တော်တို့ဘက်ကိုစတင်ပြီးလှုပ်ရှားနေပြီလို့ကိုယ်တော်တို့ရဲ့သူလျှိုဆီကနေသတင်းရောက်လာတယ်"

ကြီးမြတ်သောဝူတိုင်းပြည်လိုမျိုးရေမြေသယံဇာတပေါကြွယ်ဝတဲ့နိုင်ငံနဲ့မတူစွာပင်ထူဟွင်နိုင်ငံကမြေပြင်ရဲ့(၇၀%)ကိုမဖြစ်ထွန်းတဲ့မြေများလွှမ်းခြုံနေပြီးတစ်နှစ်ပတ်လုံးနီးပါးအေးစက်တဲ့ရာသီဥတုရှိတာကြောင့်သူတို့ကထူဟွင်ကိုဘယ်တုန်းကမှခြိမ်းခြောက်နိုင်တယ်လို့မသတ်မှတ်ခဲ့ဘူးပေ။

ထူဟွင်သည်လည်းသူ့နေရာသူသိခဲ့ပြီးကြီးမြတ်သောဝူတိုင်းပြည်ကိုဘယ်တုန်းကမှကျူးကျော်ဖို့မကြိုးစားရဲခဲ့ဘူးဒါပေမဲ့အခုအခြေအနေကဘယ်လိုဖြစ်တာလဲ?

''ကောလေတိအန်း''

တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့တဲ့ကျုံကျစ်ကနောက်ဆုံးတော့သူ့ပါးစပ်ကိုဖွင့်ပြီးစကားစလာသည်။ထိုစကားကိုကြားလိုက်တဲ့လူတိုင်းချက်ချင်းသူ့ကိုလှည့်ကြည့်လာကြသည်။

ကုယန်ဝူကသူ့ထင်မြင်ချက်ကိုထုတ်ပြောသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?အဲ့ဒီနှစ်နိုင်ငံကဘယ်တုန်းကမှတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်မဆက်သွယ်ဘူးကြဘူးဆိုတာကိုမင်းလည်းသိတာပဲလေ"

သူ့မျက်နှာကတည်ငြိမ်နေသော်လည်းသူ့နှလုံးသားကတော့'ကောလေတိအန်းဟုရုတ်တရက်ပြောလိုက်တဲ့တစ်ခဏမှာပင်စိုးရိမ်ပူပန်မှုများပြည့်နှက်သွားရသည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now