Arc(3.14)

2.7K 527 16
                                    

Unicode

Arc(3.14)

ရှီရှန်းနဲ့ ပါမောက္ခတို့နှစ်ယောက်သား နန်းတော်ကို ရောက်ပြီး သိပ်မကြာခင်မှာ တာဝန်ကျအမျိုးသမီးတစ်ယောက်က ဘုရင်ရဲ့ စာကြည့်ခန်းဆီသို့ ခေါ်သွားပေးသည်။

အထဲကို ဝင်လိုက်တာနဲ့ ရှီရှန်းက သူ့မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး စားပွဲခုံနောက်မှာ ထိုင်နေသော အဖိုးတန်အဝတ်အစားများ ဝတ်ဆင်ထားသည့် အဘိုးအိုအား အဓိပ္ပါယ်ပြည့်ဝစွာ စိုက်ကြည့်လိုက်သည်။

သူက လက်ရှိဘုရင်  အဲလက်ဖောင်ဝ်က လွဲရင် တစ်ခြားမဟုတ်

အနီးကို မရောက်သေးခင်မှာပင် ဘုရင်ရဲ့ မျက်လုံးများက သူတို့အပေါ် ကျရောက်နေတာ ဖြစ်သော်လည်း ရှီရှန်းကတော့ အကြောင်းပြချက်တစ်ချို့ကြောင့် ဘုရင်က တကယ်တော့ သူ့ကိုကြည့်နေတာဟု ခံစားနေရသည်။

သိပ်မကြာခင်မှာပဲ ပါမောက္ခနဲ့ရှီရှန်းတို့က ထိုလူအား နှုတ်ဆက်သည့် ဟန်ဖြင့် လေးလေးစားစား ဦးညွှတ်လိုက်ကြသည်။

ဘုရင်က သူတို့ကို အပြုံးဖျော့ဖျော့ ပြုံးုပြလိုက်ပြီး ခွင့်လွှတ်တဲ့ဟန်ဖြင့် သူ့ညာဘက် လက်ကို ဝှေ့ယမ်းပြ၏။

"မင်းက ကပ်ရောဂါ ပျောက်ဆေးကို ရှာဖွေရာမှာ အောင်မြင်မှုတွေ ရခဲ့တယ်လို့ ကြားတယ် ဟုတ်လား?"

ပါမောက္ခရဲ့ မျက်လုံးက ချက်ချင်းပင် မြင့်တက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေသည်။

"ဟုတ်ပါတယ်, အရှင်မင်းကြီး! ကျွန်တော်မျိုးတို့ ကနဦးပုံစံကို ထုတ်လုပ်ပြီးသွားပါပြီ, ပြီးတော့ ရလဒ်က ဘေးထွက်ဆိုးကျိုး လုံးဝမရှိတာမို့ အံ့ဖွယ်ရာပါပဲ!"

ဘုရင်က ထိုစကားကို ကြားတာနဲ့ ကျေနပ်အားရသွားတဲ့ အမူအယာကို ဖော်ပြလာပြီး မရည်ရွယ်သလိုမျိုး ထပ်မံ ထုတ်ပြောလာသည်။

"ငါကြားတာတော့ အဲ့ဒီ ရလဒ်အတွက် အရမ်းကို ကြီးမားတဲ့ ပံ့ပိုးပေးသူတစ်ယောက် ရှိတယ်ဆို?"

ပါမောက္ခက ထိုမေးခွန်းကိုကြားတာနဲ့ ဘာကိုမှ ဖုန်းကွယ်မထားပဲ အလျင်စလို ပြန်ဖြေသည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now