Arc(1.4)

8K 1.2K 50
                                    

Unicode

Arc(1.4)

လက်ရှိမှာရှိရှန်းကပုံမှန်အတိုင်းပဲထမင်းစားစားပွဲတွင်ထိုင်နေပြီးသူ့မနက်စာသူစားနေသည်။တကယ်လို့သူ့ထမင်းပန်းကန်ကိုအောက်ခြေအဖြစ်ထားပြီးအစားအစာတစ်ချို့ကိုတောင်သေးသေးလေးတစ်ခုဖြစ်လာသည်အထိထည့်ပေးနေတဲ့အမျိုးသားဇာတ်လိုက်ကိုလစ်လျူရှုလိုက်ရင်ပေါ့...

နောက်ဆုံးတော့သူကအသံထွက်သည်အထိသူ့တူကိုချလိုက်ပြီးထိုလူကိုကြည့်လိုက်တော့သည်။

"ခင်ဗျားဘာလုပ်နေတာလဲ!?"

ချီချန်းကသူ့ပန်းကန်သူကြည့်နေရာမှာခေါင်းမော့လာပြီးပေါ့ပေါ့တန်တန်ပဲပြန်ဖြေလိုက်သည်။

"မင်းအတွက်စားစရာတစ်ချို့ ရွေးပေးတာလေ"

ထိုကဲ့သို့အဖြေမျိုးကိုကြားသည့်အခါတော့ ကောင်လေးကအံကြိတ်လိုက်ပြီး ဒေါသတကြီးဖြင့်နောက်စာကြောင်း တစ်ကြောင်းထပ်မေးလိုက်သည်။

"ကျွန်တော်နဲ့ရူးခြင်ယောင်ဆောင်တိုင်းကစားမနေနဲ့!ကျွန်တော်မေးတာကခင်ဗျားဘာလို့ဒါတွေကိုလုပ်နေရတာလဲလို့!?"

ချီချန်းကလည်းချက်ချင်းပင်ပြန်ဖြေလိုက်သည်။

"မင်းစားရအောင်လေ"

ထိုကောင်လေးမှာစကားမပြောနိုင်လောက် အာင်ပင်ဒေါသထွက်လာပြီးတကယ်လို့ဒါက anime ထဲမှာဆိုရင်ဒေါသထွက်လွန်းသောကြောင့် ခေါင်းပေါ်မှာအငွေ့များထွက်လာသည်ကိုပင်တွေ့နိုင်မှာဖြစ်သည်။

သူ့ရဲ့အကန်အသတ်ကိုသိတာကြောင့် နောက်ဆုံးတော့ချီချန်းက လေးလေးနက်နက်ပြောလာခဲ့သည်။

"မင်းကအရမ်းပိန်လွန်းတယ်အဲ့ဒါကြောင့် များများပိုစားဖို့လိုအပ်တယ်...စိတ်မပူနဲ့ ဒါတွေအကုန်လုံးကဆရာဝန်ကိုမေးပြီးမှ ပြင်ဆင်ထားတာတွေကြီးပဲအဲ့ဒါကြောင့် မင်းဒီပမာဏအကုန်လုံးစားလို့ရတယ်"

ချီချန်း၏စကားလုံးများကသူ့ကိုဂရုစိုက်ပြီးသူကောင်းစေခြင်သောကြောင့်ပြောမှန်း ခံစားရစေနိုင်သော်လည်းရှီရှန်းကတော့ ခံစားချက်ကောင်းမလာပဲသူ့မျက်လုံးများကသံသယဝင်သည့်ပုံစံဖြင့်ကြည့်၍ လေးနက်သောအသံဖြင့်မေးလိုက်သည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now